ကယားပြည်နယ် လွိုင်ကော်နှင့် ဒီမောဆိုမြို့တို့တွင် တစ်ရက်အတွင်း အတည်ပြုလူနာ (၁၀)ဦး ထပ်တိုး

ကယားပြည်နယ် လွိုင်ကော်နှင့် ဒီမောဆိုမြို့တို့တွင် တစ်ရက်အတွင်း အတည်ပြုလူနာ (၁၀)ဦး ထပ်တိုး
ဒီဇင်ဘာ 15, 2020
By Tachileik News Agency

 

ကယားပြည်နယ် လွိုင်ကော်နှင့် ဒီမောဆိုမြို့တို့တွင် တစ်ရက်အတွင်း အတည်ပြုလူနာ (၁၀)ဦး ထပ်တိုး

ကယားပြည်နယ်အတွင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၏ တစ်နေ့တာအတွင်း လွိုင်ကော်မြို့တွင် အတည်ပြုလူနာ (၂)ဦးနှင့် ဒီမောဆိုတွင်  (၈)ဦး စုစုပေါင်း အတည်ပြုလူနာ (၁၀) ဦး ထပ်တိုးသည်။
လွိုင်ကော်မြို့တွင် ယာယီကုန်တင်ယာဉ်ရပ်နားစခန်းတွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် (၉၂)ဦးအား RDT ဖြင့် စစ်ဆေးမှုအတွင်း ရန်ကုန်မှပြန်လာသည့် ကုန်တင်ယာဉ်မှ ယာဉ်မောင်း (၁)ဦး၌ ပိုးတွေ့ရသည့်အပြင် အတည်ပြုလူနာနှင့်ထိတွေ့၍ နတလကျောင်းတွင် အသွားအလာကန့်သတ်ထားသူ (၁)ဦး၌လည်း COVID 19 ပိုးတွေ့ရခြင်းဖြစ်သည်။
ယင်းအပြင် ဒီမောဆိုမြို့နယ် စိုက်ပျိုးရေးသိပ္ပံ၌ အသွားအလာကန့်သတ်ထားသူ (၈) ဦးတွင်လည်း COVID 19 ပိုးတွေ့ရကြောင်း ဓာတ်ခွဲအဖြေရခဲ့ခြင်းဖြစ်သည်။
ထပ်တိုးလာသည့် အတည်ပြုလူနာ (၁၀)ဦးတွင် (၉)ဦးမှာ အသွားအလာကန့်သတ်ထားသူများဖြစ်ပြီး ရန်ကုန်မှပြန်လာပြီး ပိုးတွေ့ရသည့်အသက်(၂၇)နှစ်အရွယ် ယာဉ်မောင်း အမျိုးသားနှင့်ထိတွေ့သူ ယာဉ်နောက်လိုက်တစ်ဦး၊ ယာဉ်ချိန်းမောင်းသူတစ်ဦးတို့အား လွိုင်ကော်မြို့ နတလ သင်တန်း ကျောင်းသို့ပို့ဆောင်၍ အသွားလာကန့်သက်ထားပြီး ဓာတ်ခွဲနမူနာ များထပ်မံရယူစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
ကယားပြည်နယ်တွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့ထိ Covid-19 အတည်ပြုလူနာ (၆၆) ဦးရှိလာပြီဖြစ်ပြီး ရောဂါသက်သာ၍ ဆေးရုံဆင်းလူနာ(၂၆)ဦးရှိပြီဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ရွှေလွိုင်ကော်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~