ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်အတွင်းထဲက စိုက်ခင်းများ ရေနစ်မြှုပ်ပျက်စီး

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်အတွင်းထဲက စိုက်ခင်းများ ရေနစ်မြှုပ်ပျက်စီး
သြဂုတ် 5, 2020
By Tachileik News Agency

 ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်အတွင်းထဲက စိုက်ခင်းများ ရေနစ်မြှုပ်ပျက်စီး

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်အတွင်း ကုန်းသာကျေးရွာမှာ ၂၀၂၀ ခုနှစ် သြဂုတ်လ (၂) ရက်နေ့ကစတင်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် စိုက်ပျိုးထားတဲ့ ပြောင်းခင်းတွေ၊ နှမ်းခင်းတွေနဲ့ စပါးခင်းတွေ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မိုးရွာသွန်းမှုကြောင့် ပြောင်းခင်းတွေအတွက် ရေဝင်နစ်မြှုပ်ခဲ့တဲ့အတွက် ဧက (၅၀) လောက်ပျက်စီးခဲ့တယ်လို့ တောင်သူ ဦးငိုင်းက ပြောပါတယ်။

နှမ်းတွေရိတ်သိမ်းပြီးချိန်မှ ရေဝင်နစ်မြှပ်ခဲ့တဲ့အတွက် စိုက်ပျိုးထားတဲ့ နှမ်း (၅) ဧကပျက်စီးခဲ့ပြီး ပုံမှန်အထွက်နှုန်းထက် သုံးပုံတစ်ပုံလောက် လျော့ကျနိုင်တယ်လို့ တောင်သူ ဒေါ်သင်းထူးဆန်းက ပြောပါတယ်။

ယခုနှစ်မှာ မိုးခေါင်မှုတွေဖြစ်ခဲ့အတွက် စိုက်ပျိုးချိန်တွေ နောက်ကျခဲ့ပြီး လက်ရှိအချိန်မှာ မိုးသည်းထန်ခဲ့တဲ့အတွက် စိုက်ခင်းတွေထဲကို ရေဝင်နစ်မြှပ်မှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဆန်းဖြိူးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~