ကျိုင်းတုံမြို့သို့ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လေကြောင်းဖြင့် လာရောက်သူအားလုံး သတ်မှတ်ထားသည့် ဟိုတယ်များ၌သာ Quarantine ဝင်ရမည်

ကျိုင်းတုံမြို့သို့ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လေကြောင်းဖြင့် လာရောက်သူအားလုံး သတ်မှတ်ထားသည့် ဟိုတယ်များ၌သာ Quarantine ဝင်ရမည်
ဒီဇင်ဘာ 17, 2020
By Tachileik News Agency
ကျိုင်းတုံမြို့သို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လေကြောင်းဖြင့် လာရောက်သူအားလုံး သတ်မှတ်ထားသည့် ဟိုတယ်များ၌သာ Quarantine ဝင်ရမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ရှမ်းပြည်နယ်တွင်းမှ လွဲ၍ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်သူအားလုံး သတ်မှတ်ထားသည့် ဟိုတယ်များ၌ မိမိစရိတ်ဖြင့် hotel quarantine ဝင်ရမည်ဖြစ်သည်။
"ဌာနဆိုင်ရာအတွက်ပဲ facility quarantine စီစဉ်ပေးထားတာ။ လေယာဉ်စီးလာတယ်ဆိုရင် အကုန်လုံးက ဟိုတယ် quarantine ဝင်ရမှာ။ ပြည်နယ်ဒုအစည်းအဝေးမှာ ဆုံးဖြတ်ထားပါတယ်။ တအားများလာရင် ကျွန်တော်တို့ မနိုင်လို့ပါ။ နေရေးထိုင်ရေး၊ စားရေးသောက်ရေးက စီစဉ်ပေးရတော့မှာ။ အခုတောင် quarantine က ရာကျော်ရှိနေတာ။ ဌာနဆိုင်ရာတွေပါလာတယ်ဆိုတော့ သူတို့လည်း အများစုကတော့ ဟိုတယ် quarantine သွားပါလိမ့်မယ်။ တတ်နိုင်သမျှတော့ ဟိုတယ် quarantine ပဲထားမှာပါ"ဟု ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် ပြောသည်။
ရှမ်းပြည်နယ်အတွင်းသို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်သူအားလုံးကို facility quarantine ဝင်ရန် သတ်မှတ်ထားခြင်းဖြစ်ရာ ဒီဇင်ဘာလ (၁၆)ရက်နေ့၌ ပြန်လည်ပြေးဆွဲခွင့်ရသည့် ပြည်တွင်းလေကြောင်းလိုင်းများဖြင့် ပြည်နယ်တွင်းရောက်လာသည့်သူများအားလုံးကိုလည်း သတ်မှတ်ထားသည့် ဟိုတယ်များ၌ hotel quarantine ထားရန် ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားခြင်းဖြစ်သည်။
ကျိုင်းတုံမြို့တွင်မူ လေကြောင်းဖြင့် ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများ အခက်အခဲမရှိစေရေးအတွက် ဟိုတယ် quarantine မဝင်လိုပါက facility quarantine ဝင်နိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်သည်။
အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှနေ၍ လေကြောင်းခရီးဖြင့် ရောက်လာသူအားလုံး COVID 19 ထပ်မံစစ်ဆေးရန်လိုအပ်သဖြင့် quarantine ထားခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
- ဆက်စပ် သတင်း -
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~