ထိုင်းနိုင်ငံတွင် Covid-19 ကာကွယ်ဆေးကို ပုဂ္ဂလိက တင်သွင်းခွင့်ပြု

ထိုင်းနိုင်ငံတွင် Covid-19 ကာကွယ်ဆေးကို ပုဂ္ဂလိက တင်သွင်းခွင့်ပြု
ဇန်နဝါရီ 25, 2021 | Covid-19| နိုင်ငံတကာသတင်း

ထိုင်းနိုင်ငံတွင် COVID 19 ကာကွယ်ဆေးကို ပုဂ္ဂလိက ကဏ္ဍမှ တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့၌ အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။



ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် တင်သွင်းမည့် ကာကွယ်ဆေး၏ အရည်အသွေး၊ ဘေးကင်းလုံခြုံမှုနှင့် ထိရောက်မှုတို့နှင့်ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထံ တင်ပြခွင့်ပြုချက်ယူပြီးမှ တင်သွင်းခွင့်ရမည်ဖြစ်ကြောင်း သိရသည်။



ထိုင်း FDA အနေဖြင့် ကိုဗစ်ကာကွယ်ဆေးများကို အတည်ပြုပေးရေးအတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များဖြင့် စိစစ်မည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်း၊ သတ်မှတ်ချက်များကို ဖြေလျော့မည်မဟုတ်ကြောင်း သိရသည်။



ထိုင်းအစိုးရအနေဖြင့် ကိုဗစ်ကာကွယ်ဆေးဝယ်ယူမှုနှင့်ပတ်သက်၍  ပြည်သူများကြား ဝေဖန်မှုများမြင့်နေခြင်းနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ပြည်တွင်းမှ ကာကွယ်ဆေးထုတ်လုပ်မှု တိုးတက်စေရေးနှင့် ပြည်ပမှ ဝယ်ယူရန် နည်းလမ်းနှစ်ခုလုံးကို တစ်ပြိုင်တည်းဆောင်ရွက်နေကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်သည်။



အတည်မပြုရသေးသည့် ကာကွယ်ဆေးများအား အလောတကြီး ဝယ်ယူထားမိပါက ကာကွယ်ဆေးထုတ်လုပ်မှု တစ်စုံတစ်ခုဖြစ်ပွားပါက ငွေကြေးဆုံးနိုင်ချေကိုပါ ထည့်သွင်းတွက်ချက်ရသဖြင့် ထိုင်းအစိုးရအနေဖြင့် ကိုဗစ်ကာကွယ်ဆေးဝယ်ယူမှု ကြန့်ကြာနေရခြင်းဖြစ်သည်ဟု ဆိုသည်။

 

Tachileik News Agency

Source: The Nation

 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။