ကျိုင်းတုံမြို့တွင် ဗန်းမော်မြို့က ပြန်လာသည့် ပညာရေးဝန်ထမ်းတစ်ဦးထံမှ Covid-19 ပိုးတွေ့

ကျိုင်းတုံမြို့တွင် ဗန်းမော်မြို့က ပြန်လာသည့် ပညာရေးဝန်ထမ်းတစ်ဦးထံမှ Covid-19 ပိုးတွေ့
ဒီဇင်ဘာ 7, 2020
By Tachileik News Agency

 

ကျိုင်းတုံမြို့တွင် ဗန်းမော်မြို့က ပြန်လာသည့် ပညာရေးဝန်ထမ်းတစ်ဦးထံမှ Covid-19 ပိုးတွေ့
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဗန်းမော်မှပြန်လာ၍ အသွားအလာကန့်သတ်ထားသည့် ပညာရေးဝန်ထမ်းတစ်ဦးကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့၌ RDT ဖြင့် စစ်ဆေးရာ COVID 19 ပိုးတွေ့ရကြောင်း သိရသည်။
ဗန်းမော်မြို့မှ ပြန်လာသည့် ကျိုင်းတုံတက္ကသိုလ်၏ တွဲဖက်ပါမောက္ခတစ်ဦးကို ဟိုတယ်၌ အသွားအလာကန့်သတ်ထားပြီး စစ်ဆေးရာမှ ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် နိုဝင်ဘာလ(၂၆)ရက်နေ့မှ ဒီဇင်ဘာလ(၇)ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၃)ဦးရှိရာတွင် တစ်ဦးမှာ ဒီဇင်ဘာလ(၆)ရက်နေ့က ဆေးရုံမှ ဆင်းသွားပြီဖြစ်၍  ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေသည့် အတည်ပြုလူနာ (၂)ဦး ရှိနေသည်။
  Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~