တာချီလိတ်ခရိုင်အတွင်း အချုပ်ကျတရားခံ ၁၅၀ အတွက် ခရိုင်ရဲတပ်ဖွဲ့က အနွေးထည်များ လှူဒါန်း

တာချီလိတ်ခရိုင်အတွင်း အချုပ်ကျတရားခံ ၁၅၀ အတွက် ခရိုင်ရဲတပ်ဖွဲ့က အနွေးထည်များ လှူဒါန်း
ဒီဇင်ဘာ 9, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း အကြောင်းအမျိုးမျိုးကြောင့် တရားရင်ဆိုင်နေကြရသည့် အချုပ်ကျ တရားခံများအတွက် တာချီလိတ်ခရိုင်ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင် မိသားစုများမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းက အနွေးထည်များ လှူဒါန်းပေးကြောင်း သိရသည်။

"ရာသီဥတု အရမ်းအေးလာတဲ့အတွက် လှူတာ။ မနှစ်ကလည်း လှူတယ်။ တာချီလိတ်မြို့မစခန်းရော မိုင်းယောင်း၊ မိုင်းဖြတ်အတွက်ပါ ပါတယ်။ ဒီနှစ်က ရာသီဥတု အရမ်းအေးလာလို့ လှူပေးတာပါ"ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးပေါ်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့မရဲစခန်းတွင် အမှုရင်ဆိုင်နေရသည့် အချုပ်သား၊ အချုပ်သူ (၁၂၀)ဦး၊ မိုင်းယောင်းမြို့နှင့် မိုင်းဖြတ်မြို့များရှိ ရဲစခန်းများမှ အချုပ်သား၊ အချုပ်သူ (၃၀) ဦးတို့အတွက် အနွေးထည် စုစုပေါင်း အထည် (၁၅၀) ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ဝေဖြိုး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~