တာချီလိတ်တွင် မိုးသည်းထန်၍ ရေဝင်ချိန်တွင် စည်းကမ်းမဲ့အမှိုက်များကြောင့် ရေမြောင်းမပိတ်ရန် ဒေသခံများ ညတွင်းချင်း ရှင်းလင်း

တာချီလိတ်တွင် မိုးသည်းထန်၍ ရေဝင်ချိန်တွင် စည်းကမ်းမဲ့အမှိုက်များကြောင့် ရေမြောင်းမပိတ်ရန် ဒေသခံများ ညတွင်းချင်း ရှင်းလင်း
သြဂုတ် 13, 2020
By Tachileik News Agency

တာချီလိတ်တွင် မိုးသည်းထန်၍ ရေဝင်ချိန်တွင် စည်းကမ်းမဲ့အမှိုက်များကြောင့် ရေမြောင်းမပိတ်ရန် ဒေသခံများ ညတွင်းချင်း ရှင်းလင်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်း၍ မြို့တွင်းအနိမ့်ပိုင်းနေရာများ၌ ရေဝင်နစ်မြုပ်မှုဖြစ်ပွားရာ ရေမြောင်းများတွင် တင်ကျန်နေသည့် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များအား အိမ်ခန်း၊ဆိုင်ခန်းပိုင်ရှင်များက ရှင်းလင်းလိုက်ရာ နာရီပိုင်းအတွင်း  မြန်ဆန်စွာ ရေပြန်ကျသွားသည်ကို တွေ့ရသည်။

“ဒီနှစ်က ရေတက်လာပေမဲ့ ရေကျတာ မြန်တယ်။ ရေမြောင်းတွေ သန့်ရှင်းရေးလုပ်ပေးထားတော့လေ။ အရင်ကတော့ ရေမြောင်းက ရေတက်လာတာနဲ့ အမှိုက်တွေနဲ့ရောပြီး မြောင်းဖုံး သံဇကာတွေဆို ပွင့်ပြီး မျောပါသွားတာ။ ရေလည်း တော်တော်နဲ့မကျဘူး။ ဒီနှစ်တော့ အရင်နှစ်ကလောက် အမှိုက်မတွေ့ရဘူး”ဟု ရွေတိဂုံဘုရားလမ်းမှ ကိုသူရိန်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်း၍ ရေတက်လာချိန်တွင် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ ရေစီးနှင့်အတူ မျောပါလာရာ ရေမြောင်းပိတ်ဆို့မှုမဖြစ်စေရေးအတွက် လမ်းမကြီး ရေမြောင်းများဘေးရှိ ဆိုင်ခန်း၊ အိမ်ခန်းများက အမှိုက်ရှင်းလင်းရေးကို မိမိအသိစိတ်ဓာတ်ဖြင့် ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။

"ကျွန်တော်တို့ ချက်ချင်းမလုပ်လို့ရှိရင် မနက်ကျရင် ဗွက်တွေ ဘာတွေထတယ်လေ။ အခုချက်ချင်းဆေးထားတော့ မြန်လည်း မြန်တယ်။ မနက်မိုးလင်းမှဆိုရင် ဗွက်တွေ အမှိုက်တွေ တစ် နေတော့မှာ"ဟု ဆန်ဆိုင်း(ခ)ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးနေ  ဦးစိုးသိန်းက ပြောသည်။

တာချီလိတ်မြို့တွင် ရေမြောင်းများအတွင်း စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များကြောင့် လူနေအိမ်များ၊ ဆိုင်ခန်းများတွင် ရေဝင်နစ်မြုပ်မှုများ နှစ်စဉ်ကြုံနေရခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~