တာချီလိတ်တွင် ဒေသတွင်း COVID-19 ကူးစက်မှုရှိနေ၍ နိုင်ငံခြားသားစာရင်းများ ကောက်ယူနေ

တာချီလိတ်တွင် ဒေသတွင်း COVID-19 ကူးစက်မှုရှိနေ၍ နိုင်ငံခြားသားစာရင်းများ ကောက်ယူနေ
ဒီဇင်ဘာ 8, 2020
By Tachileik News Agency
တာချီလိတ်တွင် ဒေသတွင်း COVID-19 ကူးစက်မှုရှိနေ၍ နိုင်ငံခြားသားစာရင်းများ ကောက်ယူနေ
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့အတွင်း COVID-19 ရောဂါပိုး ဒေသတွင်းကူးစက်မှုဖြစ်ပွားနေ၍  တရားမဝင်နိုင်ငံခြားသားများ ဆေးစစ်ခံယူနိုင်ခြင်းမရှိဘဲ ရောဂါပျံ့ပွားမှုထိန်းချုပ်ရခက်မည့် အခြေအနေ မဖြစ်စေရေးအတွက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့မှစ၍ နိုင်ငံခြားသားနေထိုင်မှုစာရင်းကို ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။
ဒေသတွင်း ကူးစက်မှုဖြစ်နေသည့် တာချီလိတ်မြို့တွင်း COVID 19 သံသယရှိသူများ လာရောက်စစ်ဆေးမှုခံယူနေကြသော်လည်း တရားမဝင်နေထိုင်သည့် နိုင်ငံခြားသားများအနေဖြင့် ရောဂါသံသယရှိသည့်တိုင် လာရောက်အစစ်ဆေးမခံနိုင်ဘဲနေထိုင်ပါက COVID 19 ထိန်းချုပ်ရေး ခက်ခဲမည်ဖြစ်၍ ယင်းကဲ့သို့ စာရင်းကောက်နေခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း  ဟိုတယ်များ၊ အိမ်ခန်းများတွင် ငှားရမ်းနေထိုင်နေသည့် နိုင်ငံခြားသားများစာရင်းကို သက်ဆိုင်ရာဌာနများ ပူးပေါင်းကောက်ယူနေပြီး တရားမဝင် နိုင်ငံခြားသားများဖြစ်ပါကလည်း ဆေးစစ်မှုခံယူနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တရားမဝင် နိုင်ငံခြားသားများ ငှားရမ်းနေထိုင်မှုကို လက်ခံထားသည့် ဟိုတယ်များ၊ အိမ်ရှင်များကိုလည်း COVID 19 ကာလအတွင်း အရေးယူမည်မဟုတ်ဘဲ တရားမဝင် နိုင်ငံခြားသားများကိုလည်း ဥပဒေအရ ဆောင်ရွက်ရမည့်လုပ်ငန်းများအား လျင်မြန်စွာဆောင်ရွက်ပြီး သက်ဆိုင်ရာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~