တာချီလိတ်မှ ထိုင်းနိုင်ငံဘက်သို့ ကျောင်းတက်ခွင့်ရမည့် ကျောင်းသားများ မိမိတို့စရိတ်ဖြင့် Hotel Quarantine (၁၄) ရက် အရင် နေထိုင်ရမည်

တာချီလိတ်မှ ထိုင်းနိုင်ငံဘက်သို့ ကျောင်းတက်ခွင့်ရမည့် ကျောင်းသားများ မိမိတို့စရိတ်ဖြင့် Hotel Quarantine (၁၄) ရက် အရင် နေထိုင်ရမည်
ဇူလိုင် 2, 2020
By Tachileik News Agency
တာချီလိတ်မှ ထိုင်းနိုင်ငံဘက်သို့ ကျောင်းတက်ခွင့်ရမည့် ကျောင်းသားများ မိမိတို့စရိတ်ဖြင့် Hotel Quarantine (၁၄) ရက် အရင် နေထိုင်ရမည်

COVID-19 ကာလအတွင်း တာချီလိတ်မှ ထိုင်းနိုင်ငံကျောင်းများတွင် တက်ရောက်လိုသည့် ကျောင်းသားများအနေဖြင့် မယ်ဆိုင်မြို့တွင် မိမိစရိတ်ဖြင့် Hotel Quantine (၁၄) ရက် နေထိုင်ရမည်ဖြစ်ပြီး တက်ရောက်လိုသည့် ကျောင်းသားစာရင်းကို ကြိုတင်ပေးအပ်ရန်လိုကြောင်း သိရသည်။

မယ်ဆိုင်ဘက်တွင် နှစ်စဉ်ကျောင်းတက်နေသည့် ကျောင်းသားဦးရေ (၁၂၀၀)ကျော်ရှိနေရာ ၂၀၂၀ ခုနှစ်အတွင်း COVID 19 ထိန်းချုပ်ရေးအတွက် နှစ်နိုင်ငံနယ်စပ်ဝင်ထွက်ပေါက်ကို ပိတ်ထားရာ တာချီလိတ်ဘက်မှ မယ်ဆိုင်ဘက် ကျောင်းတက်နေသည့် ကျောင်းသားများကိစ္စကို မယ်ဆိုင် တာဝန်ရှိသူများက ဇူလိုင်လ (၂) ရက်နေ့၌ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ထံ  အလွတ်သဘော လာရောက်တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်သည်။

“မယ်ဆိုင်ဘက်ကနေပြီးတော့ သူတို့ဆီမှာ (၁၄) ရက် Hotel Quantine ဝင်ရမယ်။ (၂) ယောက်ခန်း၊ (၃) ယောက်ခန်းတွေရှိတယ်။ တစ်ရက်ကိုအခန်းခက ဘတ် (၃၀၀) ကျမယ်။ စားစရိတ်က တစ်ယောက်ကို ဘတ် (၁၀၀) ကျမယ်ပေါ့။ အဲဒီလို Hotel Quarantine လုပ်ဖို့ စီစဉ်ထားတဲ့အကြောင်း  ဆွေးနွေးတယ်။ Hotel Quarantine ဝင်တဲ့အချိန်မှာပဲ ကျန်းမာရေးစစ်ဆေးမှုတွေကို သူတို့ဖက်က လုပ်ပေးမယ်။ Hotel Quarantine (၁၄) ရက်ပြည့်မှပဲ ကျောင်းအပ်လို့ရပါမယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံရှိ အခြေခံပညာကျောင်းများတွင် တာချီလိတ်မြို့မှ တက်ရောက်နေသည့်  ကျောင်သား (၁,၂၀၀) ကျော်ခန့်ရှိနေကြောင်း မယ်ဆိုင်မြို့ရှိ ကျောင်းများမှ ကျောင်းအုပ်ကြီးများက တင်ပြခဲ့ပြီး ယခုနှစ်အတွက် တက်ရောက်လိုသည့် မြန်မာနိုင်ငံဘက်က ကျောင်းသားများစာရင်းကို သိရှိလိုပြီး ယင်းစာရင်းရရှိမှသာ Hotel Quarantine  ထားရှိနိုင်ရေးအတွက် စီစဉ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင်လည်း တာချီလိတ်ခရိုင်/မြို့နယ် အုပ်ချုပ်ရေးရုံးတွင် တာချီလိတ်ဘက်မှ မယ်ဆိုင်ဘက်သို့ ကျောင်းသွားတက်လိုသူများနှင့် ကျောင်းသားမိဘများစာရင်းကို ဇူလိုင်လ (၁) ရက်နေ့မှ (၅) ရက်နေ့အထိကောက်ယူနေခြင်းဖြစ်သည်။

“သူတို့ဘက်က ကျောင်းအုပ်ကြီးတွေလည်းပါလာတာပေါ့။ သူတို့အသိပေးတာက ကျောင်းသားမိဘတွေအနေနဲ့ စိတ်မပူဖို့ပေါ့။ ကျောင်း Website တွေကနေတဆင့် သင်ကြားလို့ရတယ်လို့လည်းပြောပါတယ်။ ကျောင်းသားတွေရမယ့် ခွဲတမ်းတွေပေါ့။ စာရေးကိရိယာတို့၊ စာရေးကိရိယာ၊ အစားအသောက်တွေပေါ့။ သူတို့ သိမ်းဆည်းထားပြီးတော့ တံတားတွေဖွင့်လို့ ကျောင်းပြန်တက်လို့ရှိရင် ပေးမယ်လို့ ပြောပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

တာချီလိတ်ခရိုင်၊ မြို့နယ်စုပေါင်းရုံးခန်းမတွင် ၂၀၂၀ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့ မနက်ပိုင်းတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် မယ်ဆိုင်မြို့ပိုင်အဖွဲ့တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံကျောင်းသားများကိစ္စ၊ မယ်ဆိုင်ချောင်းသန့်ရှင်းသာယာရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ  - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~