တာခ်ီလိတ္ - က်ိဳင္းတံု ျပည္ေထာင္စုလမ္းမႀကီးေဘးတြင္ ခြင့္ျပဳခ်က္မဲ့ ေၾကာ္ျငာဆုိင္းဘုတ္မ်ား စိုက္ထူျခင္းကို လမ္းဦးစီးဌာနက စိစစ္မည္ တာခ်ီလိတ္ - က်ိဳင္းတံု ျပည္ေထာင္စုလမ္းမႀကီးေဘးတြင္ ခြင့္ျပဳခ်က္မဲ့ ေၾကာ္ျငာဆုိင္းဘုတ္မ်ား စိုက္ထူျခင္းကို လမ္းဦးစီးဌာနက စိစစ္မည္

တာခ်ီလိတ္ - က်ိဳင္းတံု ျပည္ေထာင္စုလမ္းမႀကီးေဘးတြင္ ခြင့္ျပဳခ်က္မဲ့ ေၾကာ္ျငာဆုိင္းဘုတ္မ်ား စိုက္ထူျခင္းကို လမ္းဦးစီးဌာနက စိစစ္မည္ တာခ်ီလိတ္ - က်ိဳင္းတံု ျပည္ေထာင္စုလမ္းမႀကီးေဘးတြင္ ခြင့္ျပဳခ်က္မဲ့ ေၾကာ္ျငာဆုိင္းဘုတ္မ်ား စိုက္ထူျခင္းကို လမ္းဦးစီးဌာနက စိစစ္မည္
သြဂုတ် 30, 2019
By Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ေဟာင္လိတ္လမ္းဆံုမွ တာေလၿမိဳ႕အထိ တာခ်ီလိတ္ - က်ိဳင္းတံု ျပည္ေထာင္စုလမ္းမႀကီးေဘး တေလွ်ာက္တြင္ မည္သည့္ဌာနကမွ ခြင့္ျပဳထားျခင္းမရိွသည့္ အရက္၊ဘီယာ ေၾကာ္ျငာဆုိင္းဘုတ္မ်ား စိုက္ထူထားျခင္းကို လမ္းဦးစီးဌာနက စိစစ္သြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

“ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္မွာ ကၽြန္ေတာ္တုိ႔ဌာနက လက္ရိွအခ်ိန္ထိ ခြင့္ျပဳေပးထားတဲ့ ေၾကာ္ျငာ မရိွေသးပါဘူး။ ဒါေတြနဲ႔ပတ္သက္လို႔လည္း ကၽြန္ေတာ္တုိ႔ ျပန္စိစစ္ဖို႔ရိွပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ လမ္းဦးစီးဌာနမွ ဦးစီးမွဴး ဦးျမင့္ေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၾသဂုတ္လ(၂၉)ရက္ေန႔က ေျပာသည္။

တာခ်ီလိတ္ - က်ိဳင္းတံုျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္ တာခ်ီလိတ္ၿမိဳ႕ ေဟာင္လိတ္လမ္းဆံုမွ တာေလၿမိဳ႕ အထိ လမ္းတေလွ်ာက္တြင္ အရက္၊ဘီယာေၾကာ္ျငာမ်ား စိုက္ထူထားသည္ကို ေတြ႔ရၿပီး အေျခခံပညာအထက္တန္းေက်ာင္း(မိုင္းကိုး) ေက်ာင္းသြားလမ္း မနီးမေဝးတြင္လည္း အဆိုပါေၾကာ္ျငာမ်ားရိွေနျခင္းေၾကာင့္ ေက်ာင္းသားမိဘမ်ားက စိိုးရိမ္ေနၾကေၾကာင္း မုိင္းကိုးေဒသခံတစ္ဦးက ေျပာသည္။

စည္ပင္သာယာနယ္နမိတ္အတြင္း အရက္၊ဘီယာေၾကာ္ျငာမ်ား ခြင့္ျပဳပါက ဘီယာ၊အရက္ ပုလင္း၊ ဗူးပံုမ်ားျဖင့္ ေၾကာ္ျငာခြင့္မျပဳဘဲ အမွတ္တံဆိပ္ကိုသာ ေၾကာ္ျငာခြင့္ျပဳသည့္အျပင္ ဘာသာေရးအေဆာက္အဦႏွင့္ စာသင္ေက်ာင္းမ်ား ဝန္းက်င္တြင္ ေၾကာ္ျငာစိုက္ထူခြင့္မေပးေၾကာင္း သိရသည္။

“မိမိရဲ႕ အုပ္ခ်ဳပ္မႈဧရိယာနယ္ေျမအတြင္း မသင့္ေတာ္တဲ့ေနရာေတြကိုေတာ့ ကိုယ့္ရဲ႕စဥ္းစားမႈနဲ႔ပဲ တားျမစ္တာမ်ိဳး လုပ္ပါတယ္။ ဥပမာ အရက္၊ဘီယာေၾကာ္ျငာဆိုရင္ အမွတ္တံဆိပ္ေတာ့ ေၾကာ္ျငာလုိ႔ရတယ္။ ပုလင္းေတြ ၊ ဗူးေတြပံုေတြနဲ႔ ေၾကာ္ျငာတာမ်ိဳးေတြကို အမ်ားျပည္သူေနရာမွာ ေၾကာ္ျငာတာမ်ိဳးေတာ့ ခြင့္မျပဳဘူး။ ေနာက္ ဘာသာေရးအေဆာက္အဦေတြ၊ ေက်ာင္းေတြနားမွာ မေၾကာ္ျငာရဘူးဆိုတာမ်ိဳးေပါ့။ ဆုိင္းဘုတ္ေထာင္မယ္ဆိုရင္ လုပ္ငန္းရွင္က ပတ္ဝန္းက်င္ေထာက္ခံခ်က္ ေတာင္းရပါတယ္။ လမ္းေဘးဝဲယာမွာဆို အိမ္ေတြ၊ ဆုိင္ေတြရိွမယ္ သူတုိ႔ေတြရဲ႕ သေဘာတူညီခ်က္ေတာ့ လိုအပ္တာေပါ့”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးစိုင္းခြန္ေဇာ္က ေျပာသည္။

အမ်ားျပည္သူဆုိင္ရာေနရာမ်ားတြင္ စီးပြားေရးလုပ္ငန္းေၾကာ္ျငာမ်ား စိုက္ထူျခင္းကို စည္ပင္သာယာ နယ္နမိတ္အတြင္း ျဖစ္ပါက သက္ဆုိင္ရာ စည္ပင္သာယာေရးဌာနက လည္းေကာင္း ျပည္ေထာင္စုလမ္းမႀကီး တေလွ်ာက္ျဖစ္ပါက သက္ဆုိင္ရာ လမ္းဦးစီးဌာနမ်ားက လည္းေကာင္း စိစစ္ခြင့္ျပဳေပးရေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဟောင်လိတ်လမ်းဆုံမှ တာလမြေို့အထိ တာချီလိတ် - ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးဘေး တလျှောက်တွင် မည်သည့်ဌာနကမှ ခွင့်ပြုထားခြင်းမရှိသည့် အရက်၊ဘီယာ ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူထားခြင်းကို လမ်းဦးစီးဌာနက စိစစ်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

“ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ ကျွန်တော်တို့ဌာနက လက်ရှိအချိန်ထိ ခွင့်ပြုပေးထားတဲ့ ကြော်ငြာ မရှိသေးပါဘူး။ ဒါတွေနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ ပြန်စိစစ်ဖို့ရှိပါတယ်”ဟု တာချီလိတ်မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ(၂၉)ရက်နေ့က ပြောသည်။

တာချီလိတ် - ကျိုင်းတုံပြည်ထောင်စုလမ်းမကြီးတလျှောက် တာချီလိတ်မြို့ ဟောင်လိတ်လမ်းဆုံမှ တာလမြေို့ အထိ လမ်းတလျှောက်တွင် အရက်၊ဘီယာကြော်ငြာများ စိုက်ထူထားသည်ကို တွေ့ရပြီး အခြေခံပညာအထက်တန်းကျောင်း(မိုင်းကိုး) ကျောင်းသွားလမ်း မနီးမဝေးတွင်လည်း အဆိုပါကြော်ငြာများရှိနခြေင်းကြောင့် ကျောင်းသားမိဘများက စိုးရိမ်နကြေကြောင်း မိုင်းကိုးဒေသခံတစ်ဦးက ပြောသည်။

စည်ပင်သာယာနယ်နမိတ်အတွင်း အရက်၊ဘီယာကြော်ငြာများ ခွင့်ပြုပါက ဘီယာ၊အရက် ပုလင်း၊ ဗူးပုံများဖြင့် ကြော်ငြာခွင့်မပြုဘဲ အမှတ်တံဆိပ်ကိုသာ ကြော်ငြာခွင့်ပြုသည့်အပြင် ဘာသာရေးအဆောက်အဦနှင့် စာသင်ကျောင်းများ ဝန်းကျင်တွင် ကြော်ငြာစိုက်ထူခွင့်မပေးကြောင်း သိရသည်။

“မိမိရဲ့ အုပ်ချုပ်မှုဧရိယာနယ်မြေအတွင်း မသင့်တော်တဲ့နေရာတွေကိုတော့ ကိုယ့်ရဲ့စဉ်းစားမှုနဲ့ပဲ တားမြစ်တာမျိုး လုပ်ပါတယ်။ ဥပမာ အရက်၊ဘီယာကြော်ငြာဆိုရင် အမှတ်တံဆိပ်တော့ ကြော်ငြာလို့ရတယ်။ ပုလင်းတွေ၊ ဗူးတွေပုံတွေနဲ့ ကြော်ငြာတာမျိုးတွေကို အများပြည်သူနေရာမှာ ကြော်ငြာတာမျိုးတော့ ခွင့်မပြုဘူး။ နောက် ဘာသာရေးအဆောက်အဦတွေ၊ ကျောင်းတွေနားမှာ မကြော်ငြာရဘူးဆိုတာမျိုးပေါ့။ ဆိုင်းဘုတ်ထောင်မယ်ဆိုရင် လုပ်ငန်းရှင်က ပတ်ဝန်းကျင်ထောက်ခံချက် တောင်းရပါတယ်။ လမ်းဘေးဝဲယာမှာဆို အိမ်တွေ၊ ဆိုင်တွေရှိမယ် သူတို့တွေရဲ့ သဘောတူညီချက်တော့ လိုအပ်တာပေါ့”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်က ပြောသည်။

အများပြည်သူဆိုင်ရာနေရာများတွင် စီးပွားရေးလုပ်ငန်းကြော်ငြာများ စိုက်ထူခြင်းကို စည်ပင်သာယာ နယ်နမိတ်အတွင်း ဖြစ်ပါက သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနက လည်းကောင်း ပြည်ထောင်စုလမ်းမကြီး တလျှောက်ဖြစ်ပါက သက်ဆိုင်ရာ လမ်းဦးစီးဌာနများက လည်းကောင်း စိစစ်ခွင့်ပြုပေးရကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net