မိုင်းယောင်းမြို့တွင် မိုးရွာ၍ တောင်ကျရေကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်

Photo: မိုင်းယောင်း ပြန်/ဆက်
Photo: မိုင်းယောင်း ပြန်/ဆက်
မိုင်းယောင်းမြို့တွင် မိုးရွာ၍ တောင်ကျရေကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့တွင် ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့ ညပိုင်းက မိုးရွာသွန်းပြီး တောင်ကျရေများကြောင့် ယနေ့ ဇူလိုင်လ(၂၀)ရက်နေ့တွင် အနိမ့်ပိုင်း ရပ်ကွက်နှင့် ကျေးရွာအချို့ရှိ နေအိမ်များအထိ ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

အနိမ့်ဒေသများဖြစ်သည့် ချောင်းဘေးရှိ ရပ်ကွက်အချို့နှင့် ဝမ်လွတ်၊ ဝမ်လဲ၊ ဝမ်ဒေ စသည့် ကျေးရွာများ၊  ဝမ်တောင်း၊ ကော့ခွယ်၊ လော့ငိုးကျေးရွာများတွင် လူနေအိမ်များအတွင်းထိ ရေများ ဝင်ရောက်မှု  ကြုံနေရကြောင်း သိရသည်။

လက်ရှိအချိန်တွင် သက်ဆိုင်ရာမှ ကယ်ဆယ်ရေးနှင့် လိုက်လံအသိပေးရေးများ လုပ်ဆောင်နေကြောင်းနှင့် မိုင်းယောင်းမြို့တွင် မိုးများသည့်ကာလများတွင် တောင်ကျရေကြောင့် အနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသော်လည်း ယခုအကြိမ်များ များပြားကြောင်း သိရသည်။