ကျိုင်းတုံသင်္ကြန်ပွဲတော် မကျင်းပသော်လည်း ရိုးရာအစဉ်အလာ ဖားစည်ပို့ဆောင်ခြင်းကို လူအနည်းဆုံးဖြင့် ကျင်းပနိုင်ရန် ညှိနှိုင်းမည်

ကျိုင်းတုံသင်္ကြန်ပွဲတော် မကျင်းပသော်လည်း ရိုးရာအစဉ်အလာ ဖားစည်ပို့ဆောင်ခြင်းကို လူအနည်းဆုံးဖြင့် ကျင်းပနိုင်ရန် ညှိနှိုင်းမည်
မတ် 15, 2020
By Tachileik News Agency
ကျိုင်းတုံသင်္ကြန်ပွဲတော် မကျင်းပသော်လည်း ရိုးရာအစဉ်အလာ ဖားစည်ပို့ဆောင်ခြင်းကို လူအနည်းဆုံးဖြင့် ကျင်းပနိုင်ရန် ညှိနှိုင်းမည်

 ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၂၀၂၀ ခုနှစ် သင်္ကြန်ပွဲတော်ကို မဏ္ဍပ်များဖြင့် စည်ကားစွာကျင်းပခြင်း မပြုလုပ်တော့ဘဲ ရိုးရာအစဉ်အလာအရ စည်တော်ပို့ဆောင်ခြင်းကို လူဦးရေအနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံသင်္ကြန်ကတော့ ပွဲတော်ကြီးတော့ မလုပ်တော့ဘူး။ ဒါပေမဲ့ ဒီမှာက ရိုးရာ ဖားစည်(စည်တော်) ကန်တော့တာရှိတယ်။ အဲဒါက အခုထိတော့ မညှိနှိုင်းရသေးဘူး။ အဲဒီကိစ္စကို ဒုပြည်နယ်တို့နဲ့ရော နောက် ဒီပွဲကို ကျင်းပတဲ့ စော်ဘွားကြီးရဲ့ ဆွေမျိုးစဉ်ဆက်တွေနဲ့ တိုင်ပင်ရအုံးမှာ။ လူအနည်းဆုံးနဲ့လုပ်နိုင်အောင်တော့ ညှိနှိုင်းသွားဖို့ စဉ်းစားထားတယ်

ဟု ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ပြောသည်။

ကာကွယ်ဆေး၊ ကုသဆေးမရှိသည့် ကိုရိုနာဗိုင်းရပ်စ်မှာ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၃) နိုင်ငံတွင် ကူးစက်နေပြီး မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၄)ရက်နေ့ ညနေ (၆)နာရီအထိ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ မတွေ့ရသေးဘဲ ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲ လူနာ (၄) ဦးအား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ မတွေ့ရသေးသော်လည်း ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရသူ ရှိနေနိုင်သဖြင့် လူစုလူဝေးပွဲများအား  အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထားသည်။

ကာကွယ်ဆေးနှင့် ကုထုံးမရှိသေးသည့် ကိုရိုနာဗိုင်းရပ်စ်မှာ ကမ္ဘာ့နိုင်ငံအများအပြားသို့ ကူးစက်ပျံ့နှံ့နေပြီး ထိန်းချုပ်နိုင်ခြင်းမရှိသေးသဖြင့် ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO က မတ်လ (၁၁) ရက်နေ့တွင် ကြေညာထားရခြင်းဖြစ်သည်။

Tachileik News Agency
သတင်း -  အင်မိုင်ခ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~