တာချီလိတ်မြို့အတွင်း ပါဝါအိတ်ဇောတပ် ဆိုင်ကယ်များကို ဖမ်းဆီးမိပါက ဒဏ်ငွေ (၈၀,၀၀၀) ကျပ်အထိ ပေးဆောင်ရမည်

တာချီလိတ်မြို့အတွင်း ပါဝါအိတ်ဇောတပ် ဆိုင်ကယ်များကို ဖမ်းဆီးမိပါက ဒဏ်ငွေ (၈၀,၀၀၀) ကျပ်အထိ ပေးဆောင်ရမည်
ဒီဇင်ဘာ 3, 2020
By Tachileik News Agency

 

တာချီလိတ်မြို့အတွင်း ပါဝါအိတ်ဇောတပ် ဆိုင်ကယ်များကို ဖမ်းဆီးမိပါက ဒဏ်ငွေ (၈၀,၀၀၀) ကျပ်အထိ ပေးဆောင်ရမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အတွင်း ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များကို ဖမ်းဆီးရမိပါက တရားရုံးသို့ ချက်ခြင်းတင်ပို့ပြီး ဒဏ်ငွေ (၈၀,၀၀၀) ကျပ်အထိ ပေးဆောင်ရမည့် အမှုများဖြင့် တရားစွဲတင်ပို့နေကြောင်း သိရသည်။
“ညဘက် (၈) နာရီ (၉) နာရီလောက်ဆို ပါဝါအိတ်ဇောတပ်တွေထွက်လာတယ်။ အဲဒီအချိန်ဆို ယာဉ်ထိန်းရဲတွေမရှိတော့ဘူး။ ညပိုင်းဖမ်းဖို့အတွက် ပူးပေါင်းအဖွဲ့နဲ့မှ အဆင်ပြေမယ်။ နေ့ပိုင်းတွေ့မှာဆို မီးပွိုင့်တွေမှာစောင့်ဖမ်းတယ်။ လွတ်သွားရင်ရှေ့က ပိတ်ဖမ်းတယ်”ဟု အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(တာချီလိတ်)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်ကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့အတွင်း အသံဆူညံစေသည့် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များကို နေ့ပိုင်းအချိန်များတွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ညပိုင်းအချိန်များတွင် ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆိုဖမ်းဆီးနိုင်ရန်အတွက် ခရိုင်စီမံခန့်ခွဲရေးကော်မတီသို့တင်ပြထားပြီး လက်ရှိအချိန်အထိ ပါဝါအိတ်ဇောတပ်ဆိုင်ကယ် အစီးရေ(၅၀) ကို ဖမ်းဆီးရမိထားကာ တရားရုံးသို့ တရားစွဲဆိုတင်ပို့ပြီး သတ်မှတ်ဒဏ်ကြေးပေးဆောင်ပြီးပါက ပါဝါအိတ်ဇောအစား မူလအိတ်ဇောများပြောင်းလဲတပ်ဆင်စေပြီး ပြန်လည်ထုတ်ပေးနေကြောင်း သိရသည်။
  Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~