တာချီလိတ်တွင် ဒီဇင်ဘာလ(၁၀)ရက်နေ့၌ COVID 19 တွေ့ရသည့် ထိုင်းနိုင်ငံသူနှစ်ဦးမှာ ဟိုတယ်တာချီလိတ်တွင် နိုဝင်ဘာလ (၂၄)ရက်နေ့မှစ၍ အလုပ် လုပ်ကိုင်ခြင်း မရှိဟုဆို

တာချီလိတ်တွင် ဒီဇင်ဘာလ(၁၀)ရက်နေ့၌ COVID 19 တွေ့ရသည့် ထိုင်းနိုင်ငံသူနှစ်ဦးမှာ ဟိုတယ်တာချီလိတ်တွင် နိုဝင်ဘာလ (၂၄)ရက်နေ့မှစ၍ အလုပ် လုပ်ကိုင်ခြင်း မရှိဟုဆို
ဒီဇင်ဘာ 10, 2020
By Tachileik News Agency


တာချီလိတ်တွင် ဒီဇင်ဘာလ(၁၀)ရက်နေ့၌ COVID 19 တွေ့ရသည့် ထိုင်းနိုင်ငံသူနှစ်ဦးမှာ ဟိုတယ်တာချီလိတ်တွင် နိုဝင်ဘာလ (၂၄)ရက်နေ့မှစ၍ အလုပ် လုပ်ကိုင်ခြင်း မရှိဟုဆို
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့က COVID 19 ပိုးတွေ့ရသည့် ထိုင်းနိုင်ငံသူ (၂) ဦးမှာ ဟိုတယ်တာချီလိတ်၌ နိုဝင်ဘာလ (၂၄) ရက်နေ့ ညနေအထိ အလုပ် လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း ဟိုတယ်တာချီလိတ် တာဝန်ရှိသူထံမှ သိရသည်။
"အဲဒီကောင်မလေးတွေက  ကျွန်တော်တို့ ဟိုတယ်မှာ (၂၄)ရက်နေ့ ညနေကစပြီး ပိတ်ချလိုက်တယ်။ ပိတ်ချပြီးတော့ ဝန်ထမ်းတွေကို အထဲ မဝင်ရတော့ဘူး။ လုပ်ငန်းလည်ပတ်မှု မရှိတော့ဘူးလေ။ မရှိတော့ အခုလက်ရှိ ယိုးဒယားကောင်မလေးတွေ တည်းနေတဲ့ ဧရာဝဏ်မိုတယ်မှာပဲ သူတို့နေကြတယ်။ နေပြီးတော့ (၂၆) ရက်နေ့ ညနေပိုင်းမှာ 1G1 က ကောင်မလေး (၁)ယောက်နဲ့ အဲဒီကောင်မလေး (၂) ယောက်က ဟောလိဝုဒ်ဆိုတဲ့ကေတီဗီမှာ အလုပ်လုပ်တာဗျ။ အဲဒါပြီးတော့မှ (၂၇)မှာ အကုန်ပိတ်ရမယ်တော့ အကုန်ပိတ်ချလိုက်တော့ အဲဒီ ဧရာဝဏ်ဟိုတယ်မှာပဲ ဆက်နေတယ်။ အခု ပြည်တော်ပြန်တွေကို ပြန်ပို့မယ်ဆိုလို့ အမည်စာရင်းပေးလိုက်တာမှာ စစ်လိုက်တော့ positive တွေ့လာတာပေါ့"ဟု ဟိုတယ်တာချီလိတ်မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ညနေ (၃)နာရီဝန်းကျင်တွင် ဆက်သွယ်ဖြေကြားပေးသည်။
တာချီလိတ်မြို့တွင် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများအနေဖြင့် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ဆက်သွယ်စာရင်းပေးသွင်းစေပြီး COVID 19 စစ်ဆေးကာ ထိုင်းဘက်သို့ တရားဝင်လွှဲပြောင်းပေးနေရာ ဒီဇင်ဘာလ (၉) ရက်နေ့က ထိုင်းနိုင်ငံသူ (၂)ဦးနှင့် ဒီဇင်ဘာလ (၁၀) ရက်နေ့၌ ထိုင်းနိုင်ငံသူ (၂)ဦးတို့တွင် Covid-19 ကူးစက်ခံရသူများအဖြစ် တွေ့ရခြင်းဖြစ်သည်။
တာချီလိတ်နှင့် မယ်ဆိုင်ကြား နယ်စပ်ဝင်ထွက်ပေါက်ကို မတ်လ (၂၃) ရက်နေ့မှစ၍ COVID 19 ကာကွယ်ရေးအတွက် ပိတ်ထားရာ နိုဝင်ဘာလ (၂၅)ရက်နေ့မှစ၍ တာချီလိတ်၌ COVID 19 ဒေသတွင်းကူးစက်မှုကို စတင်တွေ့လာချိန်တွင် တရားဝင်အထောက်အထားမရှိသည့် ထိုင်းနိုင်ငံသားများက နယ်စပ်ကို ခိုးဖြတ်၍ ထိုင်းဘက်ပြန်ဝင်နေကြခြင်းဖြစ်သည်။
ထိုင်းဘက်တွင် နယ်စပ်ခိုးဖြတ်၍ ပြန်လာကြသည့် ထိုင်းနိုင်ငံသားများ၌ COVID 19 ကူးစက်ခံထားရသဖြင့် နယ်စပ်ခိုးဖြတ်၍ မပြန်ကြဘဲ တရားဝင်ပြန်လာနိုင်ရေးအတွက် တာချီလိတ်၌ ရောက်နေသည့် ထိုင်းနိုင်ငံသားများအား မြန်မာဘက်တွင် အရေးယူပြီး တရားဝင်ပြန်လွှဲပေးရန် ထိုင်းနိုင်ငံဘက်က ညှိနှိုင်းတောင်းဆိုလာခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~