တာချီလိတ်တွင် ဆိုင်ကယ်နှစ်စီး ခိုးလာသူ အမျိုးသား (၃)ဉီးကို လိုက်လံဖမ်းဆီးရမိ

တာချီလိတ်တွင် ဆိုင်ကယ်နှစ်စီး ခိုးလာသူ အမျိုးသား (၃)ဉီးကို လိုက်လံဖမ်းဆီးရမိ
မတ် 2, 2020
By Tachileik News Agency
တာချီလိတ်တွင် ဆိုင်ကယ်နှစ်စီး ခိုးလာသူ အမျိုးသား (၃)ဉီးကို လိုက်လံဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ  တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂) ရက်နေ့ ညနေပိုင်းက ဆိုင်ကယ် (၂)စီးခိုးယူလာသူ (၃)ဦးကို ဆိုင်ကယ်များနှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။

ပါဆတ်ရပ်ကွက်၊ ကျွန်းတောအနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် အာခါဈေးမီးပွိုင့်လမ်းဆုံဘက်မှ ဟောင်လိတ်မီးပွိုင့်လမ်းဆုံဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ် (၂) စီးကို မသင်္ကာသဖြင့် စစ်ဆေးရန် တားဆီးစဉ် ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ဇေယျဦးစီးအဖွဲ့က လိုက်လံဖမ်းဆီးရာ ဆေခမ်းရပ်ကွက်၌ ဆိုင်ကယ် (၂)စီးနှင့်အတူ အောင်မျိုးသူ (ခ) ကိုမျိုး (ခ) တွတ်ပီကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ပြေးသွားသည့်  ပြည့်ဖုန်းနိုင် (ခ) ဂက်စ်အိုး နှင့် စည်သူတို့ကိုလည်း ညနေ (၅)နာရီခွဲဝန်းကျင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် ဆိုင်ကယ်နှစ်စီးမှာ SHN/ 20616 နံပါတ်ပါ Honda Wave 110 အမျိုးအစား ဖြူ/နက်ရောင်ဆိုင်ကယ်နှင့် နံပါတ်မပါ Honda Wave 110 အမျိုးအစား ဖြူ/ပြာ/နက်ဆိုင်ကယ်တို့ကို သိမ်းဆည်းထားပြီး ဖမ်းဆီးရမိသူ (၃)ဦးကို စစ်ဆေးနေကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် အောင်မျိုးသူ (ခ) ကိုမျိုး (ခ) တွတ်ပီ၊ စည်သူထက်အောင် (ခ) စည်သူနှင့် ပြည့်ဖုန်းနိုင် (ခ) ဂက်စ်အိုးတို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၄၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် လောင်းကစားနှိမ်နှင်းရေးနှင့် မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့က ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှစတင်ဆောင်ရွက်နေသည့် ရက် (၉၀) ကြာမြင့်မည့် ကျားမင်းစီမံချက်အရ နေ့၊ ည ရပ်ကင်း၊ လှည့်ကင်းများကို ပိုမိုဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~