ကျောက်မဲခရိုင်အတွင်းမှ မသန်စွမ်း မဲဆန္ဒရှင် (၄၀၀) ကျော် မဲပေးရာတွင် ကူညီပေးရန် စေတနာ့ဝန်ထမ်းများ စီစဉ်ထား

ကျောက်မဲခရိုင်အတွင်းမှ မသန်စွမ်း မဲဆန္ဒရှင် (၄၀၀) ကျော် မဲပေးရာတွင် ကူညီပေးရန် စေတနာ့ဝန်ထမ်းများ စီစဉ်ထား
အောက်တိုဘာ 8, 2020
By Tachileik News Agency
ကျောက်မဲခရိုင်အတွင်းမှ မသန်စွမ်း မဲဆန္ဒရှင် (၄၀၀) ကျော် မဲပေးရာတွင် ကူညီပေးရန် စေတနာ့ဝန်ထမ်းများ စီစဉ်ထား
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်အတွင်းရှိ မသန်စွမ်း မဲဆန္ဒရှင် (၄၀၀) ကျော်အနေဖြင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့၌ မဲရုံများတွင် ဆန္ဒမဲပေးရာ၌ ကူညီပေးရန် စေတနာ့ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။
"ဥပဒေ၊ နည်းဥပဒေတွေမှာ ပြဌာန်းထားတဲ့အတိုင်း မသန်စွမ်းမဲဆန္ဒရှင်တွေ ဆန္ဒမဲကို မဲရုံမှာ ကိုယ်တိုင်လာပေးတဲ့အခါ မဲဆန္ဒရှင်ကို အကူအညီပေးနိုင်ဖို့ မဲရုံမှာ စီစဉ်ပေးထားပါတယ်။ မသန်စွမ်းမဲဆန္ဒရှင်ရဲ့ စိတ်ကြိုက်ရွေးချယ်သူ တစ်ဦးကနေ မဲပုံးထဲအထိ ဆန္ဒမဲထည့်နိုင်ဖို့ ကူညီပေးမှာပါ" ဟု ကျောက်မဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  ဥက္ကဌ ဦးထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မသန်စွမ်းမဲဆန္ဒရှင်များကိုယ်တိုင် မဲရုံများသို့ လာရောက်မဲပေးနိုင်ရန် သွားလာနိုင်ရေး၊ မဲပုံးအတွင်း မဲထည့်ရန် အခက်အခဲရှိသူများအား ကူညီပေးခြင်းတို့ကို စေတနာ့ဝန်ထမ်းများက ဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအရ မသန်စွမ်းမဲဆန္ဒရှင်များ မဲရုံသို့ ကိုယ်တိုင်လာရောက် မဲပေးလိုပါက အဆိုပါ မသန်စွမ်းမဲဆန္ဒရှင်၏ အိမ်ထောင်စုတစ်ခုတည်းတွင်အတူပါ မိသားစုဝင်တစ်ဦးဦးက မဲရုံအတွင်း မဲပေးနိုင်ရန် လိုက်လံကူညီခွင့်ရှိသည်ဟု ပြဌာန်းထားသည်။
ကျောက်မဲခရိုင်အတွင်း လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စုစုပေါင်း (၄)သိန်းဝန်းကျင်ရှိကာ တပ်မဲရုံများအပါအဝင် စုစုပေါင်း မဲရုံ (၃၅၀)ကျော်ရှိမည်ဖြစ်သည်။
မဲရုံတိုင်းတွင် Covid ရောဂါ ကာကွယ်ရေးအတွက် လိုအပ်သည့် အစီအမံများကိုကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~