ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အာလူးမျိုးသိုလှောင်နိုင်မည့် အအေးခန်းသေတ္တာများ တပ်မတော်က ပံ့ပိုးမည်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အာလူးမျိုးသိုလှောင်နိုင်မည့် အအေးခန်းသေတ္တာများ တပ်မတော်က ပံ့ပိုးမည်
ဇန်နဝါရီ 16, 2020
By Tachileik News Agency

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အာလူးမျိုးသိုလှောင်နိုင်မည့် အအေးခန်းသေတ္တာများ တပ်မတော်က ပံ့ပိုးမည်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အာလူးမျိုး သိုလှောင်ထိန်းသိမ်းဖြန့်ချိနိုင်မည့် အအေးခန်း သိုလှောင်သေတ္တာများအား တပ်မတော်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) အဖွဲ့ ဥက္ကဌ ဦးအောင်ခမ်းထီတို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ တွေ့ဆုံ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးကြကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို တပ်မတော်က ပံ့ပိုးကူညီမည်ဟု ဆွေးနွေးထားကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဥက္ကဌနှင့်အတူ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားနှင့် ပင်လောင်းမြို့နယ်များသို့ သွားရောက်ပြီး ဒေသခံ စိုက်ပျိုးရေးတောင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~