ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္နယ္တခြင္ အစီအစဥ္အျဖစ္ တာခ်ီလိတ္တြင္ အားကစားၿပိဳင္ပြဲမ်ား စတင္

ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္နယ္တခြင္ အစီအစဥ္အျဖစ္ တာခ်ီလိတ္တြင္ အားကစားၿပိဳင္ပြဲမ်ား စတင္
စက်တင်ဘာ 21, 2019
By Tachileik News Agency

ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္နယ္တခြင္ အစီအစဥ္အျဖစ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ အားကစားနည္း (၁၂)မ်ဳိးပါ၀င္ သည့္ အားကစားၿပိဳင္ပြဲ၏ ဖြင့္ပြဲ အခမ္းအနားအား ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၂၁)ရက္ေန႔ ညေန(၃)နာရီခြဲ၀န္းက်င္အခ်ိန္က က်င္းပျပဳလုပ္ရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္ ျပည္နယ္လူမႈေရး၀န္ႀကီး ေဒါက္တာမ်ဳိးထြန္း တက္ေရာက္သည္။

"တာခ်ီလိတ္ၿမိဳ႕နယ္ အားကစားေပါင္းစံုၿပိဳင္ပြဲမ်ားမွာ ေဘာလံုး၊ ဖူဆယ္၊ စစ္တုရင္၊ ေဘာ္လီေဘာ၊ ပိုက္ေက်ာ္ျခင္း၊ ၾကက္ေတာင္၊ စားပြဲတင္တင္းနစ္၊ ျမန္မာ့သိုင္း၊ ေျပးခုန္ပစ္၊ မီနီမာရသြန္ ဆိုၿပီး ၿပိဳင္ပြဲအမ်ဳိးအစားမ်ားစြာ ပါ၀င္ပါတယ္။ ဒီၿပိဳင္ပြဲမ်ားမွာ ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ အားကစားေမာင္မယ္မ်ားကို တိုက္တြန္းလိုတာက တစ္ဦးႏွင့္တစ္ဦး ရိုင္းပင္းကူညီျခင္း၊ စုေပါင္းေနထိုင္တတ္ျခင္း၊ အမိန္႔နာခံတတ္ျခင္း၊ တရားမွ်တေသာ နည္းလမ္းျဖင့္ အႏိုင္ယူတတ္ျခင္း၊ ဆံုးျဖတ္ခ်က္ မွန္ကန္ျခင္း၊ မိမိကိုယ္ကို မိမိအားကိုးတတ္ျခင္း စတဲ့ စိတ္ဓါတ္ေကာင္းမ်ားကို ၿပိဳင္ပြဲမ်ားမွ အရယူႏိုင္ရန္ ႀကိဳးစားေစလိုပါတယ္"ဟု ဖြင့္ပြဲအခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္ ျပည္နယ္လူမႈေရး၀န္ႀကီးေဒါက္တာမ်ဳိးထြန္းက တိုက္တြန္းေျပာၾကားသြားသည္။

ဆက္လက္၍ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွူး ဦးခ်မ္းေျမ႕ေစာမွ ၿပိဳင္ပြဲက်င္းပရျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားၿပီးေနာက္  ျပည္နယ္လူမႈေရး၀န္ႀကီးေဒါက္တာမ်ဳိးထြန္း၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္ႏွင့္ တာ၀န္ရွိသူမ်ားက ပြဲေတာ္အား ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးခဲ့ၾကသည္။

 တာခ်ီလိတ္တြင္ က်င္းပသည့္ အဆိုပါ ပြဲေတာ္အတြက္ ၀ိုင္း၀န္းကူညီပံ့ပိုးေပးၾကသူမ်ားအား တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွူး ဦးခ်မ္းေျမ႕ေစာက ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္နယ္တခြင္ အစီအစဥ္အျဖစ္ တာခ်ီလိတ္တြင္ က်င္းပေနသည့္ အားကစားၿပိဳင္ပြဲမ်ားတြင္ အသက္(၂၁)ႏွစ္ေအာက္ အမ်ဳိးသားေဘာလံုးၿပိဳင္ပြဲ ႏွင့္ အသက္(၁၆)ႏွစ္ေျမာက္ အမ်ဳိးသမီးေဘာလံုးၿပိဳင္ပြဲမ်ားအား စက္တင္ဘာလ(၁၃)(၁၄)ရက္ေန႔မ်ားက စတင္က်င္းပေနျခင္းျဖစ္ၿပီး၊ ေက်ာင္းေပါင္းစံု ျမန္မာ့သိုင္းဗန္တိုအတိုက္ၿပိဳင္ပြဲအား စက္တင္ဘာလ(၁၉)ရက္ေန႔ကစ၍ က်င္းပေနျခင္းျဖစ္သည္။

ေက်ာင္းအေျချပဳမီနီမာရသြန္ၿပိဳင္ပြဲအား စက္တင္ဘာလ(၂၂)ရက္ေန႔တြင္ လည္းေကာင္း၊  မိုးလံုေလလံုအားကစားရံုတြင္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲအား စက္တင္ဘာလ(၂၂)ရက္ေန႔တြင္ လည္းေကာင္း၊ စစ္တုရင္၊ ဖူဆယ္ ႏွင့္ ေဘာ္လီေဘာၿပိုင္ပြဲမ်ားအား စက္တင္ဘာလ(၂၃)ရက္ေန႔တြင္ လည္းေကာင္း၊ ေျပးခုန္ပစ္ၿပိဳင္ပြဲအား စက္တင္ဘာလ(၂၄)ရက္ေန႔တြင္လည္းေကာင္း၊ စားပြဲတင္တင္းနစ္ ႏွင့္ ၾကက္ေတာင္ၿပိဳင္ပြဲမ်ားအား စက္တင္ဘာလ(၂၉)ရက္ေန႔တြင္လည္းေကာင္း က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တခွင် အစီအစဉ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် အားကစားနည်း (၁၂)မျိုးပါဝင် သည့် အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားအား ၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၁)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်က ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တက်ရောက်သည်။

"တာချီလိတ်မြို့နယ် အားကစားပေါင်းစုံပြိုင်ပွဲများမှာ ဘောလုံး၊ ဖူဆယ်၊ စစ်တုရင်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်၊ မီနီမာရသွန် ဆိုပြီး ပြိုင်ပွဲအမျိုးအစားများစွာ ပါဝင်ပါတယ်။ ဒီပြိုင်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားမောင်မယ်များကို တိုက်တွန်းလိုတာက တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီခြင်း၊ စုပေါင်းနေထိုင်တတ်ခြင်း၊ အမိန့်နာခံတတ်ခြင်း၊ တရားမျှတသော နည်းလမ်းဖြင့် အနိုင်ယူတတ်ခြင်း၊ ဆုံးဖြတ်ချက် မှန်ကန်ခြင်း၊ မိမိကိုယ်ကို မိမိအားကိုးတတ်ခြင်း စတဲ့ စိတ်ဓာတ်ကောင်းများကို ပြိုင်ပွဲများမှ အရယူနိုင်ရန် ကြိုးစားစေလိုပါတယ်"ဟု ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက တိုက်တွန်းပြောကြားသွားသည်။

ဆက်လက်၍ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောမှ ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများက ပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

 တာချီလိတ်တွင် ကျင်းပသည့် အဆိုပါ ပွဲတော်အတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြသူများအား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တခွင် အစီအစဉ်အဖြစ် တာချီလိတ်တွင် ကျင်းပနေသည့် အားကစားပြိုင်ပွဲများတွင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နှင့် အသက်(၁၆)နှစ်မြောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများအား စက်တင်ဘာလ(၁၃)(၁၄)ရက်နေ့များက စတင်ကျင်းပနခြေင်းဖြစ်ပြီး၊ ကျောင်းပေါင်းစုံ မြန်မာ့သိုင်းဗန်တိုအတိုက်ပြိုင်ပွဲအား စက်တင်ဘာလ(၁၉)ရက်နေ့ကစ၍ ကျင်းပနခြေင်းဖြစ်သည်။

ကျောင်းအခြပြေုမီနီမာရသွန်ပြိုင်ပွဲအား စက်တင်ဘာလ(၂၂)ရက်နေ့တွင် လည်းကောင်း၊ မိုးလုံလေလုံအားကစားရုံတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲအား စက်တင်ဘာလ(၂၂)ရက်နေ့တွင် လည်းကောင်း၊ စစ်တုရင်၊ ဖူဆယ် နှင့် ဘော်လီဘောပြိုင်ပွဲများအား စက်တင်ဘာလ(၂၃)ရက်နေ့တွင် လည်းကောင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲအား စက်တင်ဘာလ(၂၄)ရက်နေ့တွင်လည်းကောင်း၊ စားပွဲတင်တင်းနစ် နှင့် ကြက်တောင်ပြိုင်ပွဲများအား စက်တင်ဘာလ(၂၉)ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net