ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းမှ ဓါတ်ခွဲနမူနာ (၄၀၀)ကျော်၏ အဖြေ ဒီဇင်ဘာလ(၈)ရက်နေ့ သိရမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းမှ ဓါတ်ခွဲနမူနာ (၄၀၀)ကျော်၏ အဖြေ ဒီဇင်ဘာလ(၈)ရက်နေ့ သိရမည်
ဒီဇင်ဘာ 7, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းမှ ဓါတ်ခွဲနမူနာ (၄၀၀)ကျော်၏ အဖြေ ဒီဇင်ဘာလ(၈)ရက်နေ့ သိရမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့ပေါင်း (၆) မြို့မှ COVID 19 ဓာတ်ခွဲနမူနာ (၄၀၀)ကျော်၏ ဓာတ်ခွဲအဖြေများကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့၌ သိရှိရမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာ(တောင်ကြီး)သို့ ကျိုင်းတုံမြို့မှ (၇၀)ဦး၊ တာချီလိတ်မြို့မှ (၂၈၆)ဦး၊ မိုင်းပျဉ်းမြို့မှ (၃)ဦး၊ မိုင်းယန်းမြို့မှ (၃၂)ဦး၊ မက်မန်းမြို့မှ (၅)ဦးနှင့် မိုင်းဖြတ်မှ (၂၅)ဦး စုစုပေါင်း(၄၂၁)ဦး၏ ဓါတ်ခွဲနမူနာများကို ပေးပို့ထားခြင်း ဖြစ်သည်။ 
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းပျဉ်း၊ မိုင်းတုံနှင့် မိုင်းယောင်းတို့၌ ဒီဇင်ဘာလ (၇)ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၈၄)ဦး ကုသဆောင်အသီးသီး၌ ရှိနေခြင်းဖြစ်ပြီး ထိတွေ့သူများနှင့် အသွားအလာကန့်သတ်ထားသူများ၏ ဓာတ်ခွဲနမူနာများကို တောင်ကြီးသို့ ပို့စစ်ထားခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~