ထိုင္းႏုိင္ငံအတြင္း နယ္ေက်ာ္သြားေရာက္မႈေၾကာင့္ ဖမ္းခံရသည့္ ျမန္မာႏိုင္ငံသား လူငယ္(၁၄)ဦးအား (၄)လအၾကာ အေရးယူၿပီးေနာက္ တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ

ထိုင္းႏုိင္ငံအတြင္း နယ္ေက်ာ္သြားေရာက္မႈေၾကာင့္ ဖမ္းခံရသည့္ ျမန္မာႏိုင္ငံသား လူငယ္(၁၄)ဦးအား (၄)လအၾကာ အေရးယူၿပီးေနာက္ တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ
စက်တင်ဘာ 9, 2019
By Tachileik News Agency
ထိုင္းႏိုင္ငံအတြင္း နယ္ေက်ာ္သြားေရာက္မႈျဖင့္ ဖမ္းဆီးခံရသည့္ ရွမ္းျပည္နယ္အတြင္းမွ လူငယ္(၁၄)ဦးအား စစ္ေဆးအေရးယူမႈ (၄)လ၀န္းက်င္အၾကာတြင္ နယ္စပ္ေဒသ တာခ်ီလိတ္သို႔ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၉)ရက္ေန႔ နံနက္က ျပန္လည္လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

"သူတို႔က ေထာင္မွာ (၉)ရက္ေနရတယ္၊ တရားရံုးအခ်ဳပ္မွာလည္း ရက္အနည္းငယ္ေနရတယ္၊ ၿပီးေတာ့ ျပန္လည္တည္ေထာင္ေရးလူငယ္ ေဂဟာမွာ (၃)လေနရၿပီးမွ ဒီကေလးေတြကို ျပန္လႊဲလိုက္တာ၊ တစ္ေန႔တည္းအတူသြားၿပီး တစ္ေန႔တည္းမွာပဲ သူတို႔အတူ ဖမ္းခံရတာ၊ ေခၚသြားတဲ့ ထိုင္းကားသမားကိုလည္း ထိုင္းဘက္က ဖမ္းဆီးအေရးယူထားတယ္"ဟု လႊဲေျပာင္းလက္ခံေရးတြင္ ပါ၀င္သည့္ တာ၀န္ရွိသူ တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာျပသည္။

ဖမ္းဆီးခံရၿပီး ျပန္လည္လႊဲေျပာင္းေပးလာသည့္ (၁၄)ဦးတြင္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ အမ်ဳိးသား(၃)ဦး ႏွင့္ အမ်ဳိးသမီး(၁၀)ဦး၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ အမ်ဳိးသား(၁)ဦးပါ၀င္ရာ ၎တို႔သည္ နယ္ေျမေက်ာ္သြားေရာက္ျခင္းေၾကာင့္ ဖမ္းဆီးခံရျခင္း ျဖစ္ေၾကာင္း ႏွင့္ ၂၀၁၉ခုႏွစ္ ေမလ(၁၃)ရက္ေန႔က ထိုင္းႏုိင္ငံတြင္းသို႔ သြားေရာက္ျခင္းျဖစ္ၿပီး ေမလ(၁၈)ရက္ေန႔တြင္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံဘက္မွ တာ၀န္ရိွသူမ်ားက လႊဲေျပာင္းေပးအပ္ရာတြင္ ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမားညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကၿပီး ေနရပ္ျပန္ရန္ အခက္အခဲျဖစ္သူမ်ားႏွင့္ အကူအညီလိုအပ္သူမ်ားကို သက္ဆိုင္ရာမ်ားျဖင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေပးရသည္မ်ားလည္း ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း နယ်ကျော်သွားရောက်မှုဖြင့် ဖမ်းဆီးခံရသည့် ရှမ်းပြည်နယ်အတွင်းမှ လူငယ်(၁၄)ဦးအား စစ်ဆေးအရေးယူမှု (၄)လဝန်းကျင်အကြာတွင် နယ်စပ်ဒေသ တာချီလိတ်သို့ ၂၀၁၉ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့ နံနက်က ပြန်လည်လွှဲပြောင်းပေးလာကြောင်း သိရသည်။

"သူတို့က ထောင်မှာ (၉)ရက်နေရတယ်၊ တရားရုံးအချုပ်မှာလည်း ရက်အနည်းငယ်နေရတယ်၊ ပြီးတော့ ပြန်လည်တည်ထောင်ရေးလူငယ် ဂေဟာမှာ (၃)လနေရပြီးမှ ဒီကလေးတွေကို ပြန်လွှဲလိုက်တာ၊ တစ်နေ့တည်းအတူသွားပြီး တစ်နေ့တည်းမှာပဲ သူတို့အတူ ဖမ်းခံရတာ၊ ခေါ်သွားတဲ့ ထိုင်းကားသမားကိုလည်း ထိုင်းဘက်က ဖမ်းဆီးအရေးယူထားတယ်"ဟု လွှဲပြောင်းလက်ခံရေးတွင် ပါဝင်သည့် တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

ဖမ်းဆီးခံရပြီး ပြန်လည်လွှဲပြောင်းပေးလာသည့် (၁၄)ဦးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၁၀)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ အမျိုးသား(၁)ဦးပါဝင်ရာ၎င်းတို့သည် နယ်မြေကျော်သွားရောက်ခြင်းကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း နှင့် ၂၀၁၉ခုနှစ် မေလ(၁၃)ရက်နေ့က ထိုင်းနိုင်ငံတွင်းသို့ သွားရောက်ခြင်းဖြစ်ပြီး မေလ(၁၈)ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာတွင် မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြပြီး နေရပ်ပြန်ရန် အခက်အခဲဖြစ်သူများနှင့် အကူအညီလိုအပ်သူများကို သက်ဆိုင်ရာများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည်များလည်း ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net