ကျောက်မဲမြို့တွင် ဇူလိုင်လ(၁၀)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ပိုးတွေ့သူ (၁၃)ဦး ထပ်တိုး

ကျောက်မဲမြို့တွင် ဇူလိုင်လ(၁၀)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ပိုးတွေ့သူ (၁၃)ဦး ထပ်တိုး
ဇူလိုင် 10, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့  ညနေထိ COVID 19 ပိုးတွေ့သူ (၁၃) ဦးရှိသည်ကြောင်းသိရပြီး အတည်ပြုလူနာ စုစုပေါင်း (၁၄၃) ဦးရှိပြီဟု သိရသည်။

ထပ်တိုးလာသည့် အတည်ပြုလူနာများတွင် မိုင်းငေါ့မြို့မှ လာရောက်သူ (၁) ဦးအပါအဝင် ကျောက်မဲမြို့ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်နှင့် (၆) ရပ်ကွက်တို့မှ ပိုးတွေ့သူ စုစုပေါင်း (၁၃) ဦးရှိခဲ့ခြင်းဖြစ်သည်။

ကျောက်မဲမြို့နယ်အတွင်း ယနေ့အထိ တွေ့ရသည့် အတည်ပြုလူနာ (၁၄၃)ဦးတွင် ကုသစဉ်သေဆုံးသူ (၄) ဦးရှိနေပြီဖြစ်သည်။

ကျောက်မဲမြို့နယ်တွင် စျေးများ၊ ဆိုင်များအား ယာယီပိတ်ထားပြီဖြစ်ပြီဖြစ်သည်။