တာချီလိတ်မြို့တွင်း ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ ထပ်တိုး နှင့် ဆေးရုံဆင်း အခြေအနေ

တာချီလိတ်မြို့တွင်း ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ ထပ်တိုး နှင့် ဆေးရုံဆင်း အခြေအနေ
ဒီဇင်ဘာ 10, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင်း ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ  Covid-19 အတည်ပြုလူနာ ထပ်တိုး နှင့် ဆေးရုံဆင်း အခြေအနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှာ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့မှာတော့ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၆)ဦး ထပ်တိုးပါတယ်။

အသစ်ထပ်တိုးတဲ့ (၆)ဦးမှာဆိုရင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု မယ်ယန်းကျေးရွာထဲက မိသားစု (၅)ဦးဟာ အနံ့ပျောက်နေတယ်ဆိုပြီး စစ်ဆေးမှု ခံယူရာကနေ (၄)ဦးမှာ ပိုးတွေ့ရှိပြီး အဲ့ဒီ (၄)ဦးထဲမှာတော့ အသက်(၅)နှစ်အရွယ် ကလေးငယ်တစ်ဦးပါဝင်ပါတယ်။

နောက်ပြီးတော့လည်း ထိုင်းနိုင်ငံကို ပြန်ပို့ဖို့အတွက် စာရင်းကောက်ယူထားတဲ့ ထိုင်းနိုင်ငံသားတွေကို ဒီနေ့ နေ့လည်ပိုင်းမှာ  စစ်ဆေးပေးတဲ့အခါမှာတော့ ထိုင်းအမျိုးသမီး (၂)ဦးနားမှာလည်း Covid-19 ထပ်တွေ့ရပြန်ပါတယ်။

အဲ့ဒီတော့ ဒီနေ့ ပိုးတွေ့ရှိရသူ (၆)ဦးမှာဆိုရင် မြန်မာနိုင်ငံသား (၄)ဦး နဲ့ ထိုင်းနိုင်ငံသူ (၂)ဦး ဖြစ်ပါတယ်။

ဒီနေ့တစ်နေ့တာအတွက် Covid-19 ပိုးတွေ့ရှိသူ (၆)ဦးရှိခဲ့သလို သက်သာပျောက်ကင်းပြီး သတ်မှတ်ထားတဲ့ (၁၁)ရက် ပြည့်သွားလို့ ဆေးရုံဆင်းခွင့်ရရှိသူဟာ (၁၂)ဦးရှိပါတယ်။

တာချီလိတ်မြို့နယ်တွင်းမှာတော့ ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့ကနေ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၉၃)ဦးအထိ ရှိနေပြီး သက်သာပျောက်ကင်းလို့ အိမ်ပြန်ခွင့်ရသူတွေကတော့ (၃၄)ဦးရှိနေသလို ကုသဆောင်တွေမှာ လက်ရှိ ကျန်နေသူတွေမှာ များသောအားဖြင့် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~