Covid-19 အခြေအနေကြောင့် တာချီလိတ်မြို့တွင် မိုင်းဖုန်းဆရာတော်၏ ဝိဇာတမွေးနေ့ပွဲ မကျင်းပ ဖြစ်

Covid-19 အခြေအနေကြောင့် တာချီလိတ်မြို့တွင် မိုင်းဖုန်းဆရာတော်၏ ဝိဇာတမွေးနေ့ပွဲ မကျင်းပ ဖြစ်
ဒီဇင်ဘာ 18, 2020
By Tachileik News Agency

 

Covid-19 အခြေအနေကြောင့် တာချီလိတ်မြို့တွင် မိုင်းဖုန်းဆရာတော်၏ ဝိဇာတမွေးနေ့ပွဲ မကျင်းပဖြစ်

တာချီလိတ်မြို့နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကြောင့်  တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ လွယ်လိန်းစေတီကမ္မဋ္ဌာန်းကျောင်းတိုက်တွင် နှစ်စဉ်ကျင်းပသည့် မိုင်းဖုန်းဆရာတော်၏ ဝိဇာတမွေးနေ့ပွဲကို ၂၀၂၁ ခုနှစ်တွင် ကျင်းပတော့မည် မဟုတ်ကြောင်း သိရသည်။
“COVID ရောဂါအကြောင်းနဲ့ပေါ့။ ကျင်းပလို့ရှိရင် လူအများနဲ့စုရင် သိပ်မကောင်းဘူးပေါ့။ ရောဂါတွေဆက်ကူးမှာစိုးလို့ပေါ့။ ကျွန်တော်တို့ရပ်ရွာမှာလည်း COVID ဖြစ်ပွားမှုတွေရှိနေတယ်။ ဒါကြောင့် ရပ်ဝေးကသူတွေမလာတာပိုကောင်းတာပေါ့။ တာချီလိတ်မြို့တွင်းထဲမှာ COVID ရောဂါကူးစက်မှုက ဆိုးရွားနေတော့။ ဖြစ်နိုင်ရင်တော့ ကိုယ့်အိမ်မှာပဲ တရားထိုင်ပြီး အလှူလုပ်ပါ”ဟု လွယ်လိန်းစေတီကမ္မဋ္ဌာန်းကျောင်းတိုက် ဂေါပကအဖွဲ့မှ ဦးအိုက်လာမှ တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ(၁၇)ရက်နေ့က ပြောသည်။
သက်တော်(၅၇)နှစ်ရှိ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော်၏ ဝိဇာတမွေးနေ့ပွဲကို နှစ်စဉ် ဇန်နဝါရီလ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပပြုလုပ်ရာတွင် မြန်မာနိုင်ငံအရပ်ရပ်မှ သောင်းနှင့်ချီသည့် တပည့်ဒါယိကာ၊ ဒါယိကာမတို့သည် မွေးနေ့ပွဲကျင်းပသည့် မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ပါဆာကျေးရွာရှိ လွယ်လိန်းစေတီကမ္မဋ္ဌာန်းကျောင်းတိုက်သို့ ကြိုတင်လာရောက်လေ့ရှိပြီး (၅) ရက်နေ့တွင် ဆရာတော်မွေးနေ့ပွဲကို ကျင်းပလေ့ရှိသည်။ 
လက်ရှိတွင် မိုင်းဖုန်းဆရာတော်သည် မိုင်းဆတ်ခရိုင်၊  မိုင်းဆတ်မြို့နှင့် မိုင်းပျဉ်းမြို့ကြား၊ မုန်းကျက်ကျေးရွာရှိ ဂူတွင် ၂၀၁၉ ခုနှစ် ဧပြီလမှစ၍ (၃)နှစ်(၃)လနှင့်(၃)ရက် ကြာ ဂူတွင်းတရားကျင့်ကြံအားထုတ်နေခြင်းဖြစ်သည်။
မိုင်းဖုန်းဆရာတော်သည် ဂူတွင်း   (၃)နှစ်(၃)လနှင့်(၃)ရက်ကြာ တရားအားထုတ်နေသော်လည်း ဆရာတော်၏ တပည့်ဒါယိကာ၊ ဒါယိကာမက  (၅၆)မွေးနေ့အလှူများကို  ဆရာတော်၏ ကျောင်းတိုက်တည်ရှိရာ တာချီလိတ်မြို့၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊  လွန်းလိန်းကျောင်းတိုက်တွင် အပါအဝင် မိုင်းဆတ်မြို့နယ်ရှိ မိုင်းကျက်ဂူနှင့် လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရှိ နန်းကျင်ပူ စေတီတော်တို့ အပြင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင်လည်း ကျင်းပခဲ့ကြသော်လည်း ယခုအခါ သက်တော်(၅၇)နှစ်မွေးနေ့အလှူပွဲကို  Covid-19 အခြေအနေကြောင့် တာချီလိတ်မြို့တွင် ကျင်းပနိုင်ခြင်းမရှိတော့ခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~