တာချီလိတ်မြို့တွင် ပြည်တော်ပြန်များအား (၁၄)ရက်စောင့်ကြည့်မည့် ကာလအတွင်း ပါဝင်ကူညီနိုင်ရန်စေတနာ့ဝန်ထမ်း (၃၈)ဦး စာရင်းပေးထား

တာချီလိတ်မြို့တွင် ပြည်တော်ပြန်များအား (၁၄)ရက်စောင့်ကြည့်မည့် ကာလအတွင်း ပါဝင်ကူညီနိုင်ရန်စေတနာ့ဝန်ထမ်း (၃၈)ဦး စာရင်းပေးထား
ဧပြီ 5, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင် ပြည်တော်ပြန်များအား (၁၄)ရက်စောင့်ကြည့်မည့် ကာလအတွင်း ပါဝင်ကူညီနိုင်ရန်စေတနာ့ဝန်ထမ်း (၃၈)ဦး စာရင်းပေးထား

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် တစ်ဖက် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ပြည်တော်ပြန်များအား (၁၄)ရက် သီးသန့်စောင့်ကြည့်မည်ဖြစ်၍ ပါဝင်ကူညီလိုသည့် စေတနာ့ဝန်ထမ်းများက စာရင်းပေးလာရာ ဧပြီလ(၅)ရက်နေ့တွင် (၃၈)ဦးရှိကြောင်း သိရသည်။

တာချီလိတ်မြို့ ဟိုတယ်တာချီလိတ်အနောက်ရှိ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့ခွဲ အမှတ်(၃၄၈)တွင် နေရပ်ပြန် မြန်မာနိုင်ငံသား (၁၈၀)ကျော်ကို ဧပြီလ(၆)ရက်နေ့တွင် (၁၄)ရက်အကြာ စောင့်ကြည့် ထားရှိမည်ဖြစ်သည့်အတွက် ပါဝင်ကူညီလိုသူများက စာရင်းပေးလာကြခြင်း ဖြစ်သည်။

စာရင်းပေးလာသူများအား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ဧပြီလ(၅)ရက်နေ့ ညနေ(၅)နာရီအချိန်က ခေါ်ယူတွေ့ဆုံပြီး နေ့စဉ်အလှည့်ကျတာဝန်ယူမည့် အုပ်စုခွဲကာ ကျန်းမာရေးက စောင့်ကြည့်သူများနှင့် ပတ်သက်၍ အသိပေးရှင်းလင်းခြင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က အကြံပြုစကားပြောကြားပြီးနောက် ပထမအကြိမ်ဖြစ်သည့် (၉၂)ဦးအား (၁၄)ရက်စောင့်ကြည့်ခဲ့ရသည့် အတွေ့အကြုံများကို တာချီလိတ်မြို့နယ်အရန်မီးသတ် နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့က ရှင်းလင်းပြောကြား ခဲ့ကြသည်။

နေရပ်ပြန် မြန်မာနိုင်ငံသားများအား ဧပြီလ(၆)ရက်နေ့တွင် လက်ခံပြီးနောက် (၁၄)ရက်သီးခြားစောင့်ကြည့်စေပြီးမှ နေရပ်သို့ ပြန်လည်စေလွှတ်ရန် စီစဉ်ထားကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~