မယ်ဆိုင် - တာချီလိတ် ထိုင်းလိုင်စင်မော်တော်ယာဉ်များဖြစ်နေ၍ လုပ်ငန်းရပ်နားထားရသည့် မြန်မာယာဉ်မောင်းများ မြန်မာလိုင်စင်ယာဉ်များဖြင့် အစားထိုးပြေးဆွဲရန် စာရင်းပေးသွင်းနိုင်

မယ်ဆိုင် - တာချီလိတ် ထိုင်းလိုင်စင်မော်တော်ယာဉ်များဖြစ်နေ၍ လုပ်ငန်းရပ်နားထားရသည့် မြန်မာယာဉ်မောင်းများ မြန်မာလိုင်စင်ယာဉ်များဖြင့် အစားထိုးပြေးဆွဲရန် စာရင်းပေးသွင်းနိုင်
စက်တင်ဘာ 22, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင်အကြား ထိုင်းလိုင်စင်မော်တော်ယာဉ်များဖြစ်နေ၍ လုပ်ငန်းရပ်နားထားရသည့် မြန်မာယာဉ်မောင်းများ မြန်မာလိုင်စင်ယာဉ်များဖြင့် အစားထိုးပြေးဆွဲရန် စာရင်းပေးသွင်းနိုင်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ ထိုင်းလိုင်စင် ကုန်တင်မော်တော်ယာဉ်မောင်းများ မြန်မာလိုင်စင်ယာဉ်ဖြင့်  မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှ  ပြေးဆွဲနိုင်ရန် မြန်မာလိုင်စင်မော်တော်ယာဉ်များဖြင့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့ ညနေအထိ တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးတွင် စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ် - မယ်ဆိုင်ကြား မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားမှတစ်ဆင့် ကုန်စည်ကူးသန်းရေးအတွက် မြန်မာယာဉ်မောင်းအများစုက ထိုင်းလိုင်စင်မော်တော်ယာဉ်များကို အသုံးပြုနေရာ စက်တင်ဘာလ (၁၇) ရက်နေ့မှစ၍ ထိုင်းဘက်က ကန့်သတ်မှုကြောင့် ထိုင်းလိုင်စင်မော်တော်ယာဉ်မောင်းများမှာ လုပ်ငန်းရပ်နားထားရခြင်းဖြစ်သည်။
လုပ်ငန်းရပ်နားထားရသည့် မော်တော်ယာဉ်မောင်းများ မော်တော်ယာဉ် ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မြန်မာဘက်က နေ့စဉ်ပြေးဆွဲခွင့်ရထားသည့် မြန်မာလိုင်စင် မော်တော်ယာဉ် (၆)စီးနှုန်းဖြင့် နေ့စဉ်အလှည့်ကျ ပြေးဆွဲခွင့်ပြုရန် စက်တင်ဘာ (၂၁) ရက်နေ့တွင် တာချီလိတ်ခရိုင်/မြို့နယ် စုပေါင်းရုံးခန်းမတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မော်တော်ယာဉ်မောင်းများတွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး နှစ်နိုင်ငံယာဉ်မောင်းများ တန်းတူအခွင့်အရေးရစေရန် မြန်မာလိုင်စင်ယာဉ်များ မောင်းနှင်ခွင့်ရရေးလုပ်ဆောင်နေကြခြင်းဖြစ်သည်။
နှစ်နိုင်ငံ မော်တော်ယာဉ်အစီးရေ ကန့်သတ်ထားချိန်၌ တာချီလိတ်ဘက်မှ ပြေးဆွဲခွင့်ရ မော်တော်ယာဉ်များအနေဖြင့် နံနက်တံတားစဖွင့်ချိန်တွင် တာချီလိတ်ဈေးများ၌ဖြန့်မည့် သားငါး၊ ဟင်းသီးဟင်းရွက်များ ဦးစားပေးသယ်ပြီးမှ အခြားကုန်များသယ်ဆောင်ရန်လည်း သတ်မှတ်ထားခြင်းဖြစ်သည်။
COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား စက်တင်ဘာ (၁၇) ရက်နေ့စတင်ပြီး တစ်ဖက်လျှင် မော်တော်ယာဉ် (၆) စီးဖြင့်သာ ကုန်စည်ကူးသန်းခွင့်ပြုထားချိန်တွင် မြန်မာဘက်မှ ထိုင်းလိုင်စင်ယာဉ်မောင်းများ ရပ်နားနေရ၍ အလှည့်ကျစနစ်ဖြင့် သွားရောက်ခွင့်ရရှိရန် ယာဉ်မောင်းများက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~