မိုင်းယောင်းမြို့တွင် Covid-19 အတည်ပြုလူနာ (၁)ဦး ဆေးရုံဆင်းခွင့်ရ၍ ကုသဆောင်၌ (၂)ဦးသာကျန်ရှိ

မိုင်းယောင်းမြို့တွင် Covid-19 အတည်ပြုလူနာ (၁)ဦး ဆေးရုံဆင်းခွင့်ရ၍ ကုသဆောင်၌ (၂)ဦးသာကျန်ရှိ
ဒီဇင်ဘာ 20, 2020
By Tachileik News Agency
မိုင်းယောင်းမြို့တွင် Covid-19 အတည်ပြုလူနာ (၁)ဦး ဆေးရုံဆင်းခွင့်ရ၍ ကုသဆောင်၌ (၂)ဦးသာကျန်ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ COVID 19 ကုသဆောင်မှ အတည်ပြုလူနာ (၁) ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့က ဆေးရုံဆင်းခွင့်ရပြီဖြစ်၍ ဆေးရုံဆင်းခွင့်ရ အတည်ပြုလူနာ (၈)ဦးရှိပြီဖြစ်ပြီး ကုသဆောင်တွင် (၂)ဦးသာ ကျန်ရှိနေသည်။
ဆေးရုံဆင်းလူနာများသည် နေအိမ်၌ ဆက်လက်၍ (၇) ရက်ကြာ အသွားအလာကန့်သတ်နေထိုင်ရမည်ဖြစ်သည်။
မိုင်းယောင်းမြို့တွင် ဒီဇင်ဘာလ (၂၀)ရက်နေ့အထိ  COVID  19 အတည်ပြုလူနာ (၁၀) ဦးတွေ့ရှိထားသည့်အနက် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် (၃)ဦး၊ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် (၂) ဦး၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် (၂) ဦးနှင့် ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် (၁) ဦး အသီးသီး ဆေးရုံဆင်းခွင့်ရခြင်းဖြစ်သည်။
ဆေးရုံဆင်းလူနာအနေဖြင့် အသွားအလာကန့်သတ်နေထိုင်ရမည့် သတ်မှတ်ကာလအတိုင်း နေထိုင်ရန်၊ နောက်ထပ်ကူးစက်ခံရမှု မဖြစ်စေရေးအတွက် Mask ကို စနစ်တကျ မဖြစ်မနေတပ်ဆင်ရန်အပါအဝင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာဟန်စိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်နှင့် တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒေါက်တာစိုင်းအောင်မိုးနှင့် တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် ကူညီပို့ဆောင်ပေးကြသည်။
  Tachileik News Agency
သတင်း - စိုင်းအောင်ဇော်လင်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~