တာခ်ီလိတ္ၿမိဳ႕ရိွ BHS English School ၏ မိုးရာသီပြဲေတာ္က်င္းပ

တာခ်ီလိတ္ၿမိဳ႕ရိွ BHS English School ၏ မိုးရာသီပြဲေတာ္က်င္းပ
သြဂုတ် 21, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ BHS English School က ေက်ာင္းသားေက်ာင္းသူမ်ား မိုးရာသီတြင္ ႀကံဳေတြ႔ရတတ္သည့္ သဘာဝေဘးမ်ား၊ ရိုးရာပြဲေတာ္မ်ား၊ သဘာဝဝန္းက်င္အေၾကာင္း သိနားလည္ေစရန္ မိုးရာသီပြဲေတာ္ကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၁)ရက္ေန႔က အဆိုပါေက်ာင္းတြင္ က်င္းပသည္။

“မိုးရာသီကာလမွာ ျဖစ္တတ္တဲ့ သဘာဝေဘးေတြ၊ ကာကြယ္နည္းေတြ၊ ဘာေၾကာင့္ျဖစ္တယ္ဆိုတာေတြ သိနားလည္ဖို႔၊ ေနာက္ သဘာဝေဘးျဖစ္တဲ့အခ်ိန္မွာ ေတြ႔ရတတ္တဲ့ တိရစၦာန္ေတြအေၾကာင္း၊ မိုးရာသီကာလအတြင္း က်င္းပတဲ့ ပြဲေတာ္ေတြ၊ သဘာဝပတ္ဝန္းက်င္အေျခအေန၊ ဟင္းသီးဟင္းရြက္ေတြ၊ ပန္းမာန္ေတြက ဘာေတြရိွတယ္ဆိုတာ သူတုိ႔ကိုယ္တုိင္လုပ္ project ေလးေတြနဲ႔အတူ ျပသရွင္းလင္းတာပါ။ ပြဲမွာတက္လာတဲ့ ကေလးမိဘေတြက ေက်ာင္းသူေက်ာငး္သားေလးေတြ လုပ္ထားတဲ့ project ေလးေတြကို အမွတ္ေပးၾကရတယ္”ဟု Bright House English School ၏ ေက်ာင္းအုပ္ ေဒၚသီသီေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

BHS ၏ မိုးရာသီပြဲေတာ္တြင္ မိုးရာသီတြင္ က်င္းပသည့္ ရိုးရာပြဲေတာ္မ်ား၊ သဘာဝေဘးမ်ား၊ ေရာဂါမ်ားႏွင့္ သဘာဝေဘးမ်ား၊ ေရာဂါမ်ားမျဖစ္ေစရန္ ႀကိဳတင္ကာကြယ္ရမည့္ နည္းလမ္းမ်ား၊ မုိးရာသီတြင္ေတြ႔ရသည့္ ပိုးမႊားအေကာင္မ်ား၊ ေကာက္ပဲသီးႏွံမ်ားကို ေက်ာင္းသူေက်ာင္းသားမ်ားႏွင့္ ဆရာမမ်ား ပူးေပါင္းျပဳလုပ္ထားသည့္ ျပကြက္ေလးမ်ားျဖင့္ ျပသထားျခင္းျဖစ္သည္။

တက္ေရာက္လာသည့္ ေက်ာင္းသားမိဘမ်ားကို ေက်ာင္းသူေက်ာင္းသားမ်ားက သရုပ္ေဖၚကျပမႈမ်ား တင္ဆက္ၾကၿပီး ျပကြက္မ်ားကို မိဘမ်ားက အမွတ္ေပးျခင္းမ်ားကိုလည္း ျပဳလုပ္ၾကသည္ကို ေတြ႔ရသည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့ရှိ BHS English School ၏ မိုးရာသီပွဲတော်ကျင်းပ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ BHS English School က ကျောင်းသားကျောင်းသူများ မိုးရာသီတွင် ကြုံတွေ့ရတတ်သည့် သဘာဝဘေးများ၊ ရိုးရာပွဲတော်များ၊ သဘာဝဝန်းကျင်အကြောင်း သိနားလည်စေရန် မိုးရာသီပွဲတော်ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်နေ့က အဆိုပါကျောင်းတွင် ကျင်းပသည်။

“မိုးရာသီကာလမှာ ဖြစ်တတ်တဲ့ သဘာဝဘေးတွေ၊ ကာကွယ်နည်းတွေ၊ ဘာကြောင့်ဖြစ်တယ်ဆိုတာတွေ သိနားလည်ဖို့၊ နောက် သဘာဝဘေးဖြစ်တဲ့အချိန်မှာ တွေ့ရတတ်တဲ့ တိရစ္ဆာန်တွေအကြောင်း၊ မိုးရာသီကာလအတွင်း ကျင်းပတဲ့ ပွဲတော်တွေ၊ သဘာဝပတ်ဝန်းကျင်အခြေအနေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပန်းမာန်တွေက ဘာတွေရှိတယ်ဆိုတာ သူတို့ကိုယ်တိုင်လုပ် project လေးတွေနဲ့အတူ ပြသရှင်းလင်းတာပါ။ ပွဲမှာတက်လာတဲ့ ကလေးမိဘတွေက ကျောင်းသူကျောင်းသားလေးတွေ လုပ်ထားတဲ့ project လေးတွေကို အမှတ်ပေးကြရတယ်”ဟု Bright House English School ၏ ကျောင်းအုပ် ဒေါ်သီသီအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

BHS ၏ မိုးရာသီပွဲတော်တွင် မိုးရာသီတွင် ကျင်းပသည့် ရိုးရာပွဲတော်များ၊ သဘာဝဘေးများ၊ ရောဂါများနှင့် သဘာဝဘေးများ၊ ရောဂါများမဖြစ်စေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ မိုးရာသီတွင်တွေ့ရသည့် ပိုးမွှားအကောင်များ၊ ကောက်ပဲသီးနှံများကို ကျောင်းသူကျောင်းသားများနှင့် ဆရာမများ ပူးပေါင်းပြုလုပ်ထားသည့် ပြကွက်လေးများဖြင့် ပြသထားခြင်းဖြစ်သည်။

တက်ရောက်လာသည့် ကျောင်းသားမိဘများကို ကျောင်းသူကျောင်းသားများက သရုပ်ဖေါ်ကပြမှုများ တင်ဆက်ကြပြီး ပြကွက်များကို မိဘများက အမှတ်ပေးခြင်းများကိုလည်း ပြုလုပ်ကြသည်ကို တွေ့ရသည်။

Tachileik News Agency
ဓါတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net