တာချီလိတ်မှ ဆိုင်ထိုင်ဖွင့်လိုသည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ Covid-19 ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ပြီးပါက ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရန်အတွက် မြို့နယ်ကော်ဗစ်ကော်မတီထံ တင်ပြနိုင်

ဒီဇင်ဘာ 12, 2020
By Tachileik News Agency
တာချီလိတ်မှ ဆိုင်ထိုင်ဖွင့်လိုသည့် လက်ဖက်ရည်ဆိုင်နှင့်  စားသောက်ဆိုင်များ Covid-19 ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ပြီးပါက ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရန်အတွက်  မြို့နယ်ကော်ဗစ်ကော်မတီထံ တင်ပြနိုင်
တာချီလိတ်မြို့မှ လက်ဖက်ရည်ဆိုင် နှင့်  စားသောက်ဆိုင်များ Covid-19 ကာကွယ်ရေး သတ်မှတ်ချက်နှင့် ကိုက်ညီလျှင် ဖွင့်ခွင့်ရမည်ဖြစ်၍ ဖွင့်လှစ်လိုသည့် ဆိုင်များ မြို့နယ်ကော်မတီသို့ လာရောက် အကြောင်းကြားနိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်  Covid-19 ကာကွယ်ရေး သတ်မှတ်ချက်နှင့် ကိုက်ညီ၍ A အဆင့် ရရှိသည့် လက်ဖက်ရည်ဆိုင် နှင့်  စားသောက်ဆိုင်များကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုနိုင်ရန် မြို့နယ်ကော်မတီက စီစဉ်နေသည့်အတွက် ဖွင့်လှစ်လိုသည့် ဆိုင်များအနေဖြင့် လာရောက် စာရင်းပေးနိုင်ကြောင်း သိရသည်။
"အခုလောလောဆယ် နှစ်ဖွဲ့ခွဲပြီး လိုက်စစ်နေတာရှိတယ်။ ဆိုင်(၁၃)ဆိုင်လည်း စစ်ပြီးသွားပြီ။ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဆိုင်များအနေနဲ့ ကျွန်တော်တို့ ဆီမှာ လာပြီး အသိပေးအကြောင်းကြားလို့ရပါတယ်"ဟု တာချီလိတ်မြို့နယ် COVID 19 ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
Covid-19 ကာလအတွင်း ပြန်လည်ဖွင့်လှစ်လိုသည့် လက်ဖက်ရည်ဆိုင် နှင့်  စားသောက်ဆိုင်များအနေဖြင့် ပထမ Covid-19 ပထမလှိုင်းကတည်းက သတ်မှတ်ထားသည့် ကာကွယ်ရေးသတ်မှတ်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ပြီးကြောင်း မြို့နယ် COVID 19 ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ လာရောက်အကြောင်းကြားပါက ကော်မတီက သွားရောက်စစ်ဆေးပေးမည်ဖြစ်ပြီး လမ်းညွှန်ချက်အား အတိအကျလိုက်နာသည့် A အဆင့်ဆိုင်များ ဖွင့်လှစ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်းမှ ပြန်လည်ဖွင့်လှစ်လိုသည့် လက်ဖက်ရည်ဆိုင် နှင့်  စားသောက်ဆိုင် ပိုင်ရှင်များအနေဖြင့်  တာချီလိတ်ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ မြို့နယ် COVID 19 ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ ဒီဇင်ဘာလ (၁၃)ရက်နေ့မှစ၍ လာရောက် အကြောင်းကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~