တာချီလိတ်မြို့မှ ထိုင်းနိုင်ငံသားများတွင် COVID-19 ပိုးတွေ့ရှိပါက နှစ်ဖက် ကျန်းမာရေးဌာနချင်း ချိတ်ဆက်ကာ လွှဲပြောင်းမည်

တာချီလိတ်မြို့မှ ထိုင်းနိုင်ငံသားများတွင် COVID-19 ပိုးတွေ့ရှိပါက နှစ်ဖက် ကျန်းမာရေးဌာနချင်း ချိတ်ဆက်ကာ လွှဲပြောင်းမည်
ဒီဇင်ဘာ 9, 2020
By Tachileik News Agency

 

တာချီလိတ်မြို့မှ ထိုင်းနိုင်ငံသားများတွင် COVID-19 ပိုးတွေ့ရှိပါက နှစ်ဖက် ကျန်းမာရေးဌာနချင်း ချိတ်ဆက်ကာ လွှဲပြောင်းမည်

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများကို  နေရပ်ပြန်ပို့နိုင်ရေးအတွက် COVID-19 စစ်ဆေးမှုများပြုလုပ်ပေးနေပြီး ရောဂါပိုးတွေ့ရှိပါက နှစ်နိုင်ငံကျန်းမာရေးဌာနချင်း ချိတ်ဆက်လွှဲပြောင်းပေးသွားမည်ဖြစ်သည်။
“ကျန်းမာရေးနဲ့လည်း ညှိနှိုင်းထားပြီးသား။ ဆေးရုံမှာ ထားမယ်။ လဝက ကတရားစွဲတာက သူတို့အပါအဝင် စွဲနေမယ်။ အမှုပြတ်သွားလို့ သူတို့ရောဂါမပျောက်သေးဘူး။ ဆေးရုံက မဆင်းရသေးဘူးဆိုရင် သူတို့ကို PPE နဲ့ Ambulance နဲ့ ကျန်းမာရေးဌာနအချင်းချင်းလွှဲမှာပေါ့။ သူတို့ကျ သာမန်လွှဲလို့မရဘူး။ နှစ်နိုင်ငံ လူနာလွှဲတဲ့ပုံစံအတိုင်း လွှဲမှာပေါ့”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ (၉) ရက်နေ့၌ ပြောသည်။
နှစ်နိုင်ငံသဘောတူညီမှုအရ တာချီလိတ်မြို့သို့ ရောက်ရှိနေသည့် အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများကို တရားဝင်လွှဲပြောင်းပေးနိုင်ရေးအတွက် စာရင်းကောက်ယူရာတွင် လက်ရှိအချိန်ထိ ထိုင်းနိုင်ငံသား (၇၀) ဦးကျော် စာရင်းပေးသွင်းထားပြီး ၎င်းတို့အနက်မှ (၄၂)ဦးကို တာချီလိတ်မြို့ဆေးရုံဟောင်းဝင်းအတွင်းရှိ Fever Clinic တွင် ဒီဇင်ဘာလ (၉) ရက်နေ့က စစ်ဆေးပေးရာ (၂) ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ကုသဆောင်သို့ ပို့ဆောင်ထားသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~