နမ့်စန်မြို့ လေတပ်ရှေ့ နှင့် မြို့တွင်း သင်္ကြန်မဏ္ဍပ်(၂)ခုအတွက် စစ်ကောင်စီအဖွဲ့က လုပ်ငန်းရှင်များထံ အတင်းအကြပ် ငွေတောင်း

ပုံအညွှန်း - နမ့်စန်လေတပ်ရှေ့က သင်္ကြန်မဏ္ဍပ်
ပုံအညွှန်း - နမ့်စန်လေတပ်ရှေ့က သင်္ကြန်မဏ္ဍပ်
နမ့်စန်မြို့ လေတပ်ရှေ့ နှင့် မြို့တွင်း သင်္ကြန်မဏ္ဍပ်(၂)ခုအတွက် စစ်ကောင်စီအဖွဲ့က လုပ်ငန်းရှင်များထံ အတင်းအကြပ် ငွေတောင်း
ဧပြီ 12, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်ရှေ့နှင့် မြို့တွင်း သင်္ကြန်မဏ္ဍပ်နှစ်ခုအတွက် မြို့တွင်းရှိ ဆိုင် နှင့်  စီးပွားရေးလုပ်ငန်းများထံမှ အတင်းအကြပ်ငွေကြေး ကောက်ခံကာ ဆောက်လုပ်ထားကြောင်း သိရသည်။

ဆိုင်တွေကို ဆိုင်ကြီးဆို ကျပ်(၅၀,၀၀၀)၊ ဆိုင်သေးဆို ကျပ်(၁၀,၀၀၀)တောင်းတယ်။ သစ်လုပ်ငန်းရှင်ဆိုရင် အနည်းဆုံး ကျပ်(၁)သိန်းတဲ့။ သူတို့က ငွေရော၊ သစ်ရောပေးရတာ

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ၂၀၂၂ခုနှစ် ဧပြီလ(၁၂)ရက်နေ့တွင် ပြောသည်။

သင်္ကြန်မဏ္ဍပ်ဆောက်ရန်အတွက်ဟုဆိုကာ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ လုပ်ငန်းရှင်များထံမှ သစ်များနှင့် ငွေကြေး အတင်းအကြပ် ကောက်ခံခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

နမ့်စန်မြို့ လေတပ်ဝင်ပေါက်တွင် သင်္ကြန်မဏ္ဍပ်တစ်ခုနှ င့် မြို့ထဲ ဓမ္မာရုံရှေ့တွင် သင်္ကြန်မဏ္ဍပ်တစ်ခု ဆောက်လုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။