တာချီလိတ်မြို့ တာလော့ကျောင်းတွင် Quarantine ထားသည့် အမျိုးသားတစ်ဦး အနံ့ပျောက်နေ၍ စစ်ဆေးရာ Covid-19 ပိုးတွေ့

တာချီလိတ်မြို့ တာလော့ကျောင်းတွင် Quarantine ထားသည့် အမျိုးသားတစ်ဦး အနံ့ပျောက်နေ၍ စစ်ဆေးရာ Covid-19 ပိုးတွေ့
ဒီဇင်ဘာ 5, 2020
By Tachileik News Agency
တာချီလိတ်မြို့ တာလော့ကျောင်းတွင် Quarantine ထားသည့် အမျိုးသားတစ်ဦး အနံ့ပျောက်နေ၍ စစ်ဆေးရာ  Covid-19 ပိုးတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ တာလော့ကျောင်းတွင် facilities quarantine ထားရှိသည့် အမျိုးသားတစ်ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ နေ့လည်ပိုင်း၌ အနံ့ပျောက်နေ၍ RDT စစ်ဆေးရာမှ ၎င်းတွင် Covid-19 ပိုးတွေ့ရကြောင်း သိရသည်။ 
Covid-19 ပိုးတွေ့ရှိရသူမှာ အသက် (၂၁)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း နေထိုင်သူဖြစ်ကြောင်း သိရသည်။ 
၎င်းအား အတည်ပြုလူနာနှင့်ထိတွေ့မှုရှိ၍ quarantine ထားရှိခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် ဒီဇင်ဘာလ (၅) ရက်နေ့အထိ ကုသပေးရသည့် အတည်ပြုလူနာ စုစုပေါင်း (၆၇)ဦးရှိရာ တစ်ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရသွားပြီဖြစ်သည့်အတွက် လက်ရှိတွင် (၆၆)ဦးကျန်ရှိနေပြီး  အတည်ပြုလူနာနှင့် ထိတွေ့သူများအား အသွားအလာကန့်သတ်ကာ စစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - စိုင်းအောင်ဝင်းမိုး
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~