တာချီလိတ်မြို့မှ Covid-19 အတည်ပြုလူနာ (၁၆)ဦး ဆေးရုံဆင်း၍ ကုသဆောင်တွင် (၄၁)ဦး ကျန်

တာချီလိတ်မြို့မှ Covid-19 အတည်ပြုလူနာ (၁၆)ဦး ဆေးရုံဆင်း၍ ကုသဆောင်တွင် (၄၁)ဦး ကျန်
ဒီဇင်ဘာ 11, 2020
By Tachileik News Agency
တာချီလိတ်မြို့မှ Covid-19 အတည်ပြုလူနာ (၁၆)ဦး ဆေးရုံဆင်း၍ ကုသဆောင်တွင် (၄၁)ဦး ကျန်
 
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ COVID 19 ကုသရေးစင်တာများမှ အတည်ပြုလူနာ (၁၆)ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့၌ ဆေးရုံဆင်းခွင့်ရပြီး ထိုင်းလူနာ(၅)ဦးကို ထိုင်းနိုင်ငံဘက် ပြန်လွှဲလိုက်၍ ကုသဆောင်များတွင် အတည်ပြုလူနာ (၄၁)ဦး ကျန်ရှိသည်။
တာချီလိတ်မြို့နယ်အတွင်း COVID 19 ဒုတိယလှိုင်းစတင်လာသည့် နိုဝင်ဘာလ (၂၂)ရက်နေ့မှစ၍  ဒီဇင်ဘာလ (၁၁)ရက်နေ့အထိ COVID 19 အတည်ပြုလူနာ စုစုပေါင်း (၉၆)ဦးရှိလာပြီဖြစ်ပြီး ဆေးရုံဆင်းလူနာ (၅၀) ဦးနှင့် ထိုင်းဘက်သို့ ပြန်လွှဲသည့်လူနာ (၅)ဦး ရှိခြင်းဖြစ်သည်။
တာချီလိတ်မြို့နယ်အတွင်း နိုဝင်ဘာလ (၂၅) ရက်နေ့မှစ၍ COVID 19 ဒေသတွင်း ကူးစက်မှုအဖြစ်တွေ့လာပြီး အတည်ပြုလူနာ နေ့စဉ်နီးပါးတိုးလာပြီးနောက် ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းအထိ အတည်ပြုလူနာ စုစုပေါင်း (၉၆) ဦးရှိလာပြီး လက်ရှိတွင် ကုသဆောင်များ၌ (၅၁)ဦးကျန်ရှိနေကာ တောင်ကြီးသို့ ပို့စစ်ထားသည့် ဓာတ်ခွဲနမူနာ (၁၇၀) ၏ ဓာတ်ခွဲအဖြေကိုလည်း စောင့်ဆိုင်းဆဲဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း



~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~