တာချီလိတ်မြို့တွင် (၂၃)ရက်အတွင်း Covid-19 အတည်ပြုလူနာ အယောက် (၁၀၀)မြောက်အဖြစ် (၃)ဦးတိုး

တာချီလိတ်မြို့တွင် (၂၃)ရက်အတွင်း Covid-19 အတည်ပြုလူနာ အယောက် (၁၀၀)မြောက်အဖြစ် (၃)ဦးတိုး
ဒီဇင်ဘာ 15, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် (၂၃)ရက်အတွင်း  Covid-19 အတည်ပြုလူနာ အယောက် (၁၀၀)မြောက်အဖြစ် (၃)ဦးတိုး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ပေးပို့ထားသည့် ဓာတ်ခွဲနမူနာများမှ (၃)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့ ညနေ (၄) နာရီကျော်အထိ စစ်ဆေးမှုများအရ သိရသည်။
ထပ်တိုးလာသည့် အတည်ပြုလူနာများတွင် ရန်ကုန်မှ ပြန်လာသူ (၁) ဦးနှင့် အတည်ပြုလူနာထိတွေ့သူ (၂) ဦးတွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်သည်။
တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်း(က)ကျေးရွာအုပ်စု ပါခါကျေးရွာမှ အမျိုးသား (၁)ဦး၊ ဟောင်လိတ် quarantine မှ ရန်ကုန်ပြန် အမျိုးသား (၁)ဦးနှင့် ဝမ်ကောင်းရပ်ကွက်မှ အမျိုးသား (၁) ဦးတို့ ထပ်တိုးတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အတည်ပြုလူနာ (၃)ဦးထပ်တိုးလာသဖြင့် တာချီလိတ်မြို့နယ်တွင် (၂၃)ရက်အတွင်း အတည်ပြုလူနာ (၁၀၀) ဦးရှိလာပြီဖြစ်သည်။
တာချီလိတ်မြို့မှ အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူများ၊ အခြားတိုင်းဒေသကြီးမှ ပြန်လာ၍ အသွားအလာကန့်သတ်ထားသူ စုစုပေါင်း (၁၇၃) ဦး၏ ဓာတ်ခွဲအဖြေများကို တောင်ကြီးရှိ ဓာတ်ခွဲဌာနသို့ ပို့စစ်ထားခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ(၁၅)ရက်နေ့အထိ (၂၃)ရက်အတွင်း အတည်ပြုလူနာ (၁၀၀)ဦးရှိရာတွင် ဆေးရုံမှ ဆင်းခွင့်ရသူမှာ (၇၁)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~