တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်ဆရာတော်မှ ထိုင်းဘတ်ငွေ(၃၁)သိန်းကျော် တန်ဖိုးရှိ Covid-19 ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းသုံး ဆေးပစ္စည်းများကို ဒေသအသီးသီးသို့ လှူဒါန်း

တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်ဆရာတော်မှ ထိုင်းဘတ်ငွေ(၃၁)သိန်းကျော် တန်ဖိုးရှိ Covid-19 ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းသုံး ဆေးပစ္စည်းများကို ဒေသအသီးသီးသို့ လှူဒါန်း
အောက်တိုဘာ 25, 2020
By Tachileik News Agency

တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်ဆရာတော်မှ ထိုင်းဘတ်ငွေ(၃၁)သိန်းကျော် တန်ဖိုးရှိ Covid-19 ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းသုံး ဆေးပစ္စည်းများကို ဒေသအသီးသီးသို့ လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်က Covid-19 ကြိုတင်ကာကွယ်တားဆီးရေးတွင် အသုံးပြုနိုင်ရန်အတွက် ထိုင်းဘတ်ငွေ တန်ဖိုး ( ၃,၁၁၈,၇၂၀)ဘတ်ရှိ ဆေးပစ္စည်းများကို တာချီလိတ်မြို့ အပါအဝင် နိုင်ငံအတွင်းရှိ နေရာပေါင်း (၅၂)နေရာသို့ လှူဒါန်းပေးလိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ တာချီလိတ်မြို့နှင့် မြို့များအပါအဝင် ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ သာစည်၊ ဟံဇား၊ ဝမ်းတွင်း၊ သဲတော၊ ဖြူး၊ ကျောက်ဆည်၊ အုန်းချော၊ တောင်ကြီးနှင့် သံလျင် စသည့် မြို့များရှိ စာသင်တိုက်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူ့ဆေးရုံနှင့်တပ်မတော်ရုံများ၊  အခမဲ့ဆေးခန်းများ နှင့် ရိပ်သာများသို့ အရက်ပျံဖျန်းဆေး၊ ဟန်းဂျယ်ညှစ်ဗူး၊ ဟန်းဂျယ်(ဂါလံဗူး)၊ နှာခေါင်းစည်း(Mask) နှင့် ဟန်းဂျယ်နှိပ်ဗူးများကို ပေးအပ်လှူဒါန်းခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ မြို့များအတွက် အဆိုပါ ပစ္စည်းများကို ဒေသအုပ်ချုပ်ရေးပိုင်းက ကူညီပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ပြည်မထဲက မြို့များသို့ ယာဉ်ငှား၍ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်က ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မြို့က ဆေးရုံတွေရော၊ လူမှုရေးအသင်းအဖွဲ့တွေရော၊ မိုင်းတုံ၊ မိုင်းဆတ် ဆေးရုံတွေရော တော်တော်များတယ်၊ (၅၂)နေရာပါ၊ မန္တလေးဆေးရုံတို့ ရန်ကုန်ဆေးရုံတို့လည်း ပါတယ်၊ နယ်ဘက်တွေကို ပို့ပေးဖို့ကိုတော့ ကားတွေ ငှားထားတယ်"ဟု ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်၏ ကျောင်းအကျိုးတော်ဆောင်က ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့များအတွက် ၂၀၂၀ခုနှစ် အောက်တိုဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းက ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ ဦးစီးပဓာန နာယကဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ၊ ကမ္မဋ္ဌာနာစရိယ၊ မဟာကမ္မဋ္ဌာနာ စရိယ၊ Ph.D ( Vipassana Bhavana MCU  ) (Thailand) အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ ဒေါက်တာ ဘဒ္ဒန္တဝိရောစနက ပေးအပ်လှူဒါန်းရာ တဆင့် ကူညီပို့ဆောင်ပေးကြမည့် စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သော်ဇင်ဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲနိုင်အောင် နှင့် မြို့မိမြို့ဖများက လက်ခံပေးခဲ့ကြသည်။
တာချီလိတ်မြို့ရှိ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်သည် နိုင်ငံအတွင်း၌ သဘာဝဘေးများ ဖြစ်ပွားလာပါက ယခုလို ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးလေ့ရှိသည်။
Tachileik News Agency
ဓါတ်ပုံ - ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~