တာချီလိတ်မြို့တွင် COVID 19 အတည်ပြုလူနာတိုးလာနေ၍ ဈေးများနှင့် ဆိုင်ခန်းများ ရောင်းချချိန် ကန့်သတ်

တာချီလိတ်မြို့တွင် COVID 19 အတည်ပြုလူနာတိုးလာနေ၍ ဈေးများနှင့် ဆိုင်ခန်းများ ရောင်းချချိန် ကန့်သတ်
နိုဝင်ဘာ 28, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် COVID 19 အတည်ပြုလူနာတိုးလာနေ၍ ဈေးများနှင့် ဆိုင်ခန်းများ ရောင်းချချိန် ကန့်သတ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လတ်တလော COVID 19 အတည်ပြုလူနာတွေ့ရှိမှု တိုးလာနေ၍ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့မှစ၍ နံနက်ခင်းဈေးများကို နံနက် (၁၀) နာရီအထိနှင့် ဈေးဆိုင်ခန်းများကို ည (၁၀) နာရီအထိ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
“မနက်ခင်းဈေးတွေ အားလုံးက မနက် (၁၀) နာရီအထိ ရောင်းခွင့်ပြုတယ်။ ညဈေးလို လမ်းဘေးဈေးဆိုင်တွေက ညနေ (၆)နာရီအထိ ရောင်းခွင့်ပြုတယ်။ ဆိုင်ခန်းတွေကတော့ ည (၁၀)နာရီအထိ ရောင်းခွင့်ပြုတယ်။ ဒါပေမဲ့ ပါဆယ်ပဲ။ ဆိုင်ထိုင်ရောင်းခွင့်မရှိဘူး”ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၄) ရက်နေ့အထိ လမ်းလုပ်သား အမျိုးသား (၂)ဦးကိုသာ အတည်ပြုလူနာအဖြစ် တွေ့ခဲ့ရခြင်းဖြစ်ပြီး နိုဝင်ဘာလ (၂၅)ရက်နေ့၌ တွေ့ရသည့် အတည်ပြုလူနာမှာ ရောဂါဖြစ်ပွားနေသည့်ဒေသများမှ ပြန်လာသူမဟုတ်ဘဲ ကျိုင်းတုံမြို့ကာသာ ပြန်လာပြီး တာချီလိတ်မြို့တွင် နေထိုင်သည့် ဟိုတယ်ဝန်ထမ်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် အဆိုပါအတည်ပြုလူနာနှင့် ဆက်စပ်သူများအား စစ်ဆေးရာ နိုဝင်ဘာလ (၂၈)ရက်နေ့ နေ့လယ်ပိုင်းအထိ ဆက်စပ်အတည်ပြုလူနာ (၉)ဦးအထိ ထပ်တိုးလာခဲ့ခြင်းဖြစ်၍ တာချီလိတ်တွင် လက်ရှိ၌ အတည်ပြုလူနာ (၁၂)ဦးအထိ ရှိနေပြီ ဖြစ်သည်။
ဒေသတွင်း အတည်ပြုလူနာတိုးလာသည်နှင့်အမျှ အတည်ပြုလူနာနှင့် ထိတွေ့သူများလည်း တိုးလာနေရာ သံသယရှိသူများအနေဖြင့် ဆေးရုံဟောင်းရှိ fever clinic တွင် COVID 19 စစ်ဆေးမှုခံယူကြရန် တာဝန်ရှိသူများက တိုက်တွန်းထားပြီး လူစုလူဝေးဖြစ်သည့်နေရာများကို ကန့်သတ်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~