တာချီလိတ်မြို့ပေါ် ရပ်ကွက်များအတွင်း ကျားမင်းစီမံချက်အဖြစ် လုံခြုံရေး တာဝန်ယူနေသည့် ရဲတပ်ဖွဲ့ဝင်များအား လူမှုကူညီရေးအသင်းနှစ်သင်းက စားစရာများ လိုက်လံပေးဝေ

တာချီလိတ်မြို့ပေါ် ရပ်ကွက်များအတွင်း ကျားမင်းစီမံချက်အဖြစ် လုံခြုံရေး တာဝန်ယူနေသည့် ရဲတပ်ဖွဲ့ဝင်များအား လူမှုကူညီရေးအသင်းနှစ်သင်းက စားစရာများ လိုက်လံပေးဝေ
မတ် 8, 2020
By Tachileik News Agency
တာချီလိတ်မြို့ပေါ် ရပ်ကွက်များအတွင်း  ကျားမင်းစီမံချက်အဖြစ် လုံခြုံရေး တာဝန်ယူနေသည့် ရဲတပ်ဖွဲ့ဝင်များအား လူမှုကူညီရေးအသင်းနှစ်သင်းက စားစရာများ လိုက်လံပေးဝေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မှုခင်းကျဆင်းရေးနှင့် လောင်းကစား နှိမ်နှင်းရေးအတွက် ရက်ပေါင်း (၉၀) ကျားမင်းစီမံချက်ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များကို လူမှုကူညီရေး အသင်းများက ၂၀၂၀ ခုနှစ်၊ မတ်လ (၈) ရက်နေ့ နံနက်ပိုင်းတွင် ရေသန့်ဗူးနှင့် နေ့လယ်စာများ လိုက်လံ ပေးဝေသည်။

တာချီလိတ်မြို့ရပ်ကွက်များအတွင်း နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက် ရပ်ကင်းစောင့်နေသည့် ရဲတပ်ဖွဲ့ဝင်များအား တာချီလိတ်မြို့ရှိ မဇ္ဇျိမလူမှုကူညီရေးအသင်းနှင့် အလင်းရောင်ပရဟိတအသင်းတို့က ရေသန့်နှင့်နေ့လယ်စာဗူးများကို မတ်လ (၈)ရက်နေ့တွင် လိုက်လံ ပေးဝေ ပေးထားခြင်း ဖြစ်ပြီး အခြားလှူဒါန်းလိုသူများ ပါဝင်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရသည်။

“ကျားမင်းစီမံချက်ဆောင်ရွက်နေတော့ တစ်ခြားဒေသက ရဲတပ်ဖွဲ့ဝင်တွေပါ ဒီမှာ တာဝန်ယူ လုပ်ဆောင်နေကြတာ တွေ့တော့ ဒေသခံတွေကလည်း သူတို့နဲ့အတူ ရှိပါတယ်။ အားပေးတယ်ဆိုတာ သိအောင်လို့ပါ။ တခြားလည်း အလှူရှင်တွေ၊ မွေးနေ့တွေ ဘာတွေ လှူချင်ဆိုရင်လည်း ဒီလိုလုပ်လို့ရတယ်ဆိုတာ သိစေချင်တာပါ။ ရပ်ဝေးကလာတဲ့ တပ်ဖွဲ့ဝင်တွေလည်း ရှိတယ်လေ။ အခုသွားတော့ အရာရှိတွေလည်း တွေ့ပါတယ်။ သူတို့ကိုလည်း အကြံပေးခဲ့တာက ဒီမှာက တစ်ခုခုသိလို့ ပြောတယ်ဆိုရင် အမှုပတ်တယ်ဆိုတဲ့ အစွဲလေးတွေ ရှိတယ်။ ဒီတော့ ပြည်သူက မပါရဲတော့ဘူးပေါ့။ ဒီအချိန်က အခွင့်ကောင်းပဲ။ ပြည်သူတွေကို တစ်ခုခုဆိုရင် လာပြောရဲ ဆိုရဲဖြစ်အောင် ပြောပြပေးပါပေါ့။ သတင်းပေးရင် အမှုမပတ်ဘူးဆိုတာလေးတွေပေါ့ အကြံပေးခဲ့တယ်”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လူမှုကူညီရေးအသင်းနှစ်ခုက တာချီလိတ်မြို့တွင်း ရပ်ကင်းနေရာပေါင်း (၁၇)နေရာသို့ သွားရောက်ပြီး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များအား ရေသန့်နှင့် နေ့လယ်စာဗူးများ ပေးဝေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် မှုခင်းများ လျော့ကျရေးနှင့် လောင်းကစားနှိမ်နှင်းရေးအတွက် ရဲတပ်ဖွဲ့က ရက်ပေါင်း (၉၀)ကြာမြင့်မည့် ကျားမင်းစီမံချက်ကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလက စတင်နေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - မဇ္ဇျိမလူမှုကူညီရေးအသင်း၊ အလင်းရောင်ပရဟိတအသင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~