အဲန်တိုင်းရင်းသား အယောက်(၇၀) ဗုဒ္ဓဘာသာခံယူပွဲနှင့် ရှင်ပြုအလှူကို တာချီလိတ်မြို့ရှိ ဝေဠုဝန်ကျောင်းတိုက်၌ ကျင်းပမည်ဖြစ်ရာ မည်သူမဆို ပါဝင်လှူဒါန်းနိုင်

အဲန်တိုင်းရင်းသား အယောက်(၇၀) ဗုဒ္ဓဘာသာခံယူပွဲနှင့် ရှင်ပြုအလှူကို တာချီလိတ်မြို့ရှိ ဝေဠုဝန်ကျောင်းတိုက်၌ ကျင်းပမည်ဖြစ်ရာ မည်သူမဆို ပါဝင်လှူဒါန်းနိုင်
ဇန်နဝါရီ 23, 2020
By Tachileik News Agency
အဲန်တိုင်းရင်းသား အယောက်(၇၀) ဗုဒ္ဓဘာသာခံယူပွဲနှင့် ရှင်ပြုအလှူကို တာချီလိတ်မြို့ရှိ ဝေဠုဝန်ကျောင်းတိုက်၌ ကျင်းပမည်ဖြစ်ရာ မည်သူမဆို ပါဝင်လှူဒါန်းနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၊ မိုင်းညှင်းဒေသမှ အဲန်တိုင်းရင်းသားလူမျိုး (၇၀)ဦး ဗုဒ္ဓဘာသာခံယူပွဲနှင့် ရှင်ပြုအလှူကို တာချီလိတ်မြို့ရှိ ရန်အောင်မြေရပ်ကွက်အတွင်းရှိ ဝေဠုဝန်ကျောင်းတိုက်၌ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ပါဝင်လှူဒါန်းလိုသူများ လာရောက် လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ သူတို့က နတ်ကိုးကွယ်တာကနေ ဗုဒ္ဓဘာသာကူးပြောင်းခြင်းကို ဥပဒေအတိုင်းပဲ လုပ်ထားတယ်။ ကူးပြောင်းမယ့် ဘာသာက ဘာသာရေး အကြီးအကဲဆိုတော့ နတ်ဆရာရယ် ဗုဒ္ဓဘာသာဘက်က အဲန်လူမျိုး ကိုရင်တစ်ပါးရယ် ရှေ့မှာ သူတို့က တကယ်ပဲ ဘာသာကူးပြောင်းချင်တာလားဆိုတာ သူတို့သဘောထား မေးပြီးမှ ပြောင်းလာကြတာ။ ကိုရင်လေးဆိုတာ ကိုရင်ကနေ ဦးပဉ္ဇင်းမတက်တာပဲ အသက်ကတော့ ၅၀ ကျော်လောက်ရှိပါပြီ။ အဲန်တိုင်းရင်းသားပဲ။ သူကပဲ မေးပြီး ဗုဒ္ဓဘာသာပြောင်းချင်ပါတယ် ကိုရင်ဝတ်ချင်ပါတယ်ဆိုတဲ့ ကလေးတွေကိုပဲ ရှင်ပြုပေးတာ”ဟု ဝေဠုဝန်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒိမာက တာချီလိတ်သတင်းအေဂျင်စီသို့ မိန့်ကြားသည်။

အဆိုပါ ရှင်ပြုအလှူသို့ ပါဝင်လှူဒါန်းလိုသူများ ဝေဠုဝန်ကျောင်းတိုက်သို့ လည်းကောင်း၊ ဖုန်း ၀၉ ၂၆၅၀၄၂၅၀၃ ၊ ၀၉၅၂၄၂၄၁၀ သို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

“ဒီအလှူက အများပါဝင်လှူဒါန်းတဲ့ အလှူဖြစ်ပါတယ်။ ကုန်ကျစရိတ်ကို တွက်ကြည့်တော့ ရှင်တစ်ပါးကို ဘတ် (၁၈၀၀)လောက်ကျတယ်။ ဒီတော့ ကျပ်တစ်သိန်းလို့ သတ်မှတ်ပြီး အလှူပါဝင်နိုင်ကြတာပေါ့။ နောက် ခြင်ထောင်၊ ခေါင်းအုံး၊ စောင်၊ ဆန်၊ ဆီ၊ ဆေးစတာတွေလည်း လှူနိုင်တာပေါ့။ အခုက ကျောင်းမှာ ကိုရင်ဝတ်မယ့်ကလေးတွေ ရောက်နေပြီ။ သူတို့မိဘတွေလည်း လာကြမယ်ဆိုတော့ ကျွေးမွေးရမယ့် အလှူအတွက်က ဘတ်(၈)သောင်း၊ (၉)သောင်းလောက် ကုန်မယ်မှန်းထားတယ်။ အခု အိမ်ခြံမြေ အကျိုးဆောင်အဖွဲ့ကတော့ ဘတ် (၄)သောင်း လှူထားတာရှိတယ်”ဟု ဝေဠုဝန်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒိမာက တာချီလိတ်သတင်းအေဂျင်စီသို့ မိန့်ကြားသည်။

အဆိုပါ အလှူပွဲကို ကျိုင်းတုံမြို့ ဝါးကျောင်းဆရာတော်၊ တာချီလိတ်မြို့ ဝေဠုဝန်ကျောင်းဆရာတော်နှင့် ကျိုင်းတုံကိုရင်လေးတို့မှ ဦးဆောင်၍ ပြုလုပ်ခြင်းဖြစ်ပြီး တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း ပါလျံ (၂) ကွက်သစ်ရှိ ဝေဠုဝန်မိုးကုတ်ဝိပဿနာကျောင်းတိုက်တွင် ဇန်နဝါရီလ (၂၆)ရက်နေ့ နံနက် (၈)နာရီမှ (၁၂)နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ ဝေဠုဝန်ကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော်အပါအဝင် ဦးပဉ္ဇင်း၊ ကိုရင် စုစုပေါင်း အပါး (၄၀) သီတင်းသုံးနေသည့် ကျောင်းတိုက်ဖြစ်ပြီး ဆက်သွယ်လှူဒါန်းလိုသူများအနေဖြင့်
အဲန်တိုင်းရင်းသားများသည် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ကျိုင်းတုံမြို့နယ်အတွင်း၌ နေထိုင်ကြပြီး အများစုမှာ နတ်ကိုးကွယ်ကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ဟန်စိုးထိုက် ၊ ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~