တာချီလိတ် ရန်အောင်မြေရပ်ကွက်အတွင်း မဲရုံ(၄)ရုံတွင် မဲဆန္ဒရှင် (၁၁,၃၃၉)ဦး ဆန္ဒမဲပေးမည်

တာချီလိတ် ရန်အောင်မြေရပ်ကွက်အတွင်း မဲရုံ(၄)ရုံတွင် မဲဆန္ဒရှင် (၁၁,၃၃၉)ဦး ဆန္ဒမဲပေးမည်
နိုဝင်ဘာ 8, 2020
By Tachileik News Agency
တာချီလိတ် ရန်အောင်မြေရပ်ကွက်အတွင်း မဲရုံ(၄)ရုံတွင် မဲဆန္ဒရှင် (၁၁,၃၃၉)ဦး  ဆန္ဒမဲပေးမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ တာ့ဟွာတရုတ်ဘုံကျောင်း၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ် (၂)နှင့် အမှတ် (၃) တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ နံနက် (၅)နာရီဝန်းကျင်မှစ၍ ဆန္ဒမဲပေးမည့်သူ အများအပြားရောက်ရှိနေပြီဖြစ်သည်။
ရန်အောင်မြေရပ်ကွက်၌ အမက (ရန်အောင်မြေ)၊ တာ့ဟွာတရုတ်ဘုံကျောင်းနှင့် ပါလျံ(၂)ဘောလုံးကွင်းတို့၌ မဲရုံ (၄)ရုံဖွင့်လှစ်ထားပြီး မဲဆန္ဒရှင်စုစုပေါင်း (၁၁,၃၃၉)ဦး မဲပေးခွင့်ရှိခြင်းဖြစ်သည်။
ဆန္ဒမဲလာပေးသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး အနည်းငယ်သာခွာ၍ စောင့်ဆိုင်းမဲပေးနေကြပြီး မဲရုံအဝင်တွင် KN 95 Mask များပေးဝေနေသည်ကို တေ့ွရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~