သင်္ကြန် ကာလအတွက် အခြေခံလူတန်းစား အိမ်ထောင်စုများကို စားနပ်ရိက္ခာပံ့ပိုးခြင်းအစီအစဉ် စတင်

သင်္ကြန် ကာလအတွက် အခြေခံလူတန်းစား အိမ်ထောင်စုများကို စားနပ်ရိက္ခာပံ့ပိုးခြင်းအစီအစဉ် စတင်
ဧပြီ 9, 2020
By Tachileik News Agency

သင်္ကြန် ကာလအတွက် အခြေခံလူတန်းစား အိမ်ထောင်စုများကို စားနပ်ရိက္ခာပံ့ပိုးခြင်းအစီအစဉ် စတင်

တာချီလိတ်မှ မြို့မိမြိုဖ နှင့် လုပ်ငန်းရှင်များ၏ ပါဝင်လှူဒါန်းမှုဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း (၂၈၅၀) သို့ စားနပ်ရိက္ခာများ အိမ်တိုင်ရာရောက်စနစ်ဖြင့် စတင်ဖြန့်ဝေတော့မည်ဖြစ်သည်။

သင်္ကြန်ကာလ ပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို စားနပ်ရိက္ခာပံ့ပိုးမည့် အစိုးရ၏ အစီအစဉ်တွင် တာချီလိတ်မှ မြို့မိမြို့ဖ နှင့် လုပ်ငန်းရှင်များ ပူးပေါင်းကူညီနေကြခြင်းဖြစ်ပြီး COVID 19 ကာလအတွင်း အခက်အခဲရှိသူများအတွက် ဆက်လက်ကူညီပေးကြရန်ကိုလည်း ခရိုင်စီမံခန့်ခွဲရေးကော်မတီက တိုက်တွန်းထားသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~