တာချီလိတ်တွင် ရေသန့်ဗူးများကို နေပူထဲထား၍ ရောင်းချသူများအား အမျိုးသားအစား အသောက်ဥပဒေဖြင့် အရေးယူနိုင်

တာချီလိတ်တွင် ရေသန့်ဗူးများကို နေပူထဲထား၍ ရောင်းချသူများအား အမျိုးသားအစား အသောက်ဥပဒေဖြင့် အရေးယူနိုင်
နိုဝင်ဘာ 7, 2020
By Tachileik News Agency
တာချီလိတ်တွင် ရေသန့်ဗူးများကို နေပူထဲထား၍ ရောင်းချသူများအား အမျိုးသားအစား အသောက်ဥပဒေဖြင့် အရေးယူနိုင်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း စားသုံးသူများ မထိခိုက်စေရေးအတွက် ရေသန့်ဗူးများကို နေပူထဲထား၍ ရောင်းချခြင်း မရှိစေရေး ကျန်းမာရေးဌာနအပါအဝင် သက်ဆိုင်ဌာနများနှင့်အတူ ပူးပေါင်းကြပ်မတ်ဆောင်ရွက်ရန် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များထံ မြို့နယ်အုပ်ချုပ်ရေးမှူးက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ ကတည်းက ညွှန်ကြားထားကြောင်း သိရသည်။
“ကျန်းမာရေးရော၊ ရပ်ကျေးရော၊ စည်ပင်ရော၊ စားသုံးသူရေးရာ၊ FDA ရောပေါင်းပြီးတော့ ရွေးကောက်ပွဲ ပြီးတဲ့အချိန်လောက် အဖွဲ့ဖွဲ့ပြီးတော့ ကွင်းဆင်းပြီးတော့ စည်းရုံးဆောင်ရွက်ရမယ်။ ရပ်ကျေးတွေကိုတော့ စာထွက်ထားပြီးပြီ”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ညွှန်ကြားချက်နှင့် ပတ်သက်၍ ရေသန့်ထုတ်လုပ်ရေးလုပ်ငန်းများအနေဖြင့် လိုက်နာဆောင်ရွက်ရန်  တာချီလိတ်မြို့နယ်ရေသန့်လုပ်ငန်းရှင်များအသင်းက အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ရေသန့်တွေပို့တာမှာလည်း ရေသန့်ဗူးတွေကို နေမပူအောင် ရေသန့်ကားတွေ ဖုံးအုပ်ပြီး ပို့တာတွေလုပ်ဖို့ အသင်းကနေ ပြောသွားဖို့ရှိပါတယ်။ “ဟု တာချီလိတ်မြို့နယ်ရေသန့်လုပ်ငန်းရှင်များအသင်း  ဒုတိယ ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၅ အရ ဈေးများ၊ လက်လီလက်ကားဈေးဆိုင်များတွင် သောက်ရေသန့်ဗူးများကို နေပူထဲတွင်ထား၍ ရောင်းချခြင်းများရှိပါက ဒဏ်တပ်အရေးယူနိုင်ကြောင်းကို အများပြည်သူသိရှိစေရန် သက်ဆိုင်ရာဌာနများဖြင့်ပူးပေါင်း၍ အသိပေးစည်းရုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~