ဆိုင္ကယ္ေမာင္းလုိင္စင္ မရိွေသးသူမ်ားအတြက္ တာခ်ီလိတ္ ရွမ္းရိုးမကြင္းတြင္ စီမံခ်က္ျဖင့္ ေဆာင္ရြက္ေပးေန

ဆိုင္ကယ္ေမာင္းလုိင္စင္ မရိွေသးသူမ်ားအတြက္ တာခ်ီလိတ္ ရွမ္းရိုးမကြင္းတြင္ စီမံခ်က္ျဖင့္ ေဆာင္ရြက္ေပးေန
မေ 22, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ စီမံခ်က္ျဖင့္ ဆိုင္ကယ္ေမာင္းလုိင္စင္ ထုတ္ေပးရန္လက္ခံစိစစ္ျခင္းကို ၂၀၁၉ ခုႏွစ္၊ ေမလ (၂၂)ရက္ေန႔ ေန႔လယ္(၂)နာရီအထိ ေဆာင္ရြက္ေပးေနၿပီး လုိင္စင္မ်ားကို ဇြန္လ (၈)ရက္ေန႔တြင္ ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဒီေန႔လုပ္တဲ့သူေတြကို ဇြန္လ (၈) ရက္ေန႔မွာ ထုတ္ေပးမွာေပါ့။ ေအာင္ေဇယ်ခန္းမမွာ ယာဥ္စည္းကမ္း လမ္းစည္းကမ္း အသိပညာေပးၿပီး သင္တန္းပံုစံေလးလုပ္ၿပီး ထုတ္ေပးသြားမွာပါ"ဟု တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမွဳဦးစီးဌာနမွ  စစ္ေဆးေရးမွဴး -၂ ဦးစိုင္းဆမ္တစ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ဆုိင္ကယ္ေမာင္းသူတုိင္း လုိင္စင္ရိွေစရန္အတြက္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈ ဦးစီးဌာနႏွင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႕တို႔ ပူးေပါင္းေဆာင္ရြက္ေပးေနျခင္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္၊ ေမလ (၁၄) ရက္ေန႔က လုိင္စင္ေလွ်ာက္ထားသူမ်ားအေနျဖင့္ ေမလ (၂၄)ရက္ေန႔တြင္ လုိင္စင္ရရိွၾကမည္ျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကယ္ေမာင္းလုိင္စင္ျပဳလုပ္လိုသူမ်ားအေနျဖင့္ မွတ္ပံုတင္မူရင္း၊ မိတၱဴတစ္ေစာင္၊ ပတ္စပို႔ဓာတ္ပံု (၃) ပံုျဖင့္ လူကိုယ္တိုင္လာေရာက္ေလွ်ာက္ထားႏိုင္ၿပီး (က-၁) လိုင္စင္ျပဳလုပ္ပါက က်ပ္ (၁၉,၀၀၀)၊ (က) လိုင္စင္ျပဳလုပ္ပါက က်ပ္ (၂၉,၀၀၀) က်သင့္မည္ျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကယ္ေမာင္းလုိင္စင္မရိွသူမ်ားအတြက္ ရွမ္းရိုးမကြင္းတြင္ စီမံခ်က္ျဖင့္ လုပ္ေဆာင္ေပးျခင္းျဖစ္ၿပီး လုိင္စင္သက္တမ္းတိုးျခင္းကို ရံုးတြင္လာေရာက္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာ္ငးသိရသည္။
ဆိုင္ကယ္လိုင္စင္မ်ားကိုလည္း တာခ်ီလိတ္ခရိုင္ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနရံုးတြင္ ေန႔ခ်င္းၿပီး ေဆာင္ရြက္ေပးေနၿပီး ဆိုင္ကယ္လိုင္စင္ေဆာင္သည့္ သတ္မွတ္ႏႈန္းထားမ်ားကိုလည္း လာေရာက္ေလ့လာႏုိင္ေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စီမံချက်ဖြင့် ဆိုင်ကယ်မောင်းလိုင်စင် ထုတ်ပေးရန်လက်ခံစိစစ်ခြင်းကို ၂၀၁၉ ခုနှစ်၊ မေလ (၂၂)ရက်နေ့ နေ့လယ်(၂)နာရီအထိ ဆောင်ရွက်ပေးနေပြီး လိုင်စင်များကို ဇွန်လ (၈)ရက်နေ့တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီနေ့လုပ်တဲ့သူတွေကို ဇွန်လ (၈) ရက်နေ့မှာ ထုတ်ပေးမှာပေါ့။ အောင်ဇေယျခန်းမမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပြီး သင်တန်းပုံစံလေးလုပ်ပြီး ထုတ်ပေးသွားမှာပါ"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ  စစ်ဆေးရေးမှူး -၂ ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ဆိုင်ကယ်မောင်းသူတိုင်း လိုင်စင်ရှိစေရန်အတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ မေလ (၁၄) ရက်နေ့က လိုင်စင်လျှောက်ထားသူများအနေဖြင့် မေလ (၂၄)ရက်နေ့တွင် လိုင်စင်ရရှိကြမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်လိုသူများအနေဖြင့် မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စောင်၊ ပတ်စပို့ဓာတ်ပုံ (၃) ပုံဖြင့် လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပြီး (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၉,၀၀၀)၊ (က) လိုင်စင်ပြုလုပ်ပါက ကျပ် (၂၉,၀၀၀) ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းလိုင်စင်မရှိသူများအတွက် ရှမ်းရိုးမကွင်းတွင် စီမံချက်ဖြင့် လုပ်ဆောင်ပေးခြင်းဖြစ်ပြီး လိုင်စင်သက်တမ်းတိုးခြင်းကို ရုံးတွင်လာရောက် ဆောင်ရွက်ရမည်ဖြစ်ကြော်ငးသိရသည်။

ဆိုင်ကယ်လိုင်စင်များကိုလည်း တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် နေ့ချင်းပြီး ဆောင်ရွက်ပေးနေပြီး ဆိုင်ကယ်လိုင်စင်ဆောင်သည့် သတ်မှတ်နှုန်းထားများကိုလည်း လာရောက်လေ့လာနိုင်ကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net