တာချီလိတ် - မယ်ဆိုင်လမ်းကြောင်းမှ သြဂုတ်လ (၄)ရက်နေ့ပြန်ပို့မည့် နေရပ်ပြန်မြန်မာစာရင်းကို ဇူလိုင် (၂၅)ရက်နေ့ စာရင်းပိတ်မည်

တာချီလိတ် - မယ်ဆိုင်လမ်းကြောင်းမှ သြဂုတ်လ (၄)ရက်နေ့ပြန်ပို့မည့် နေရပ်ပြန်မြန်မာစာရင်းကို ဇူလိုင် (၂၅)ရက်နေ့ စာရင်းပိတ်မည်
ဇူလိုင် 25, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင်လမ်းကြောင်းမှ သြဂုတ်လ (၄)ရက်နေ့ ရက်ပြန်ပို့မည့် နေရပ်ပြန်မြန်မာစာရင်းကို ဇူလိုင် (၂၅)ရက်နေ့ စာရင်းပိတ်မည်

တာချီလိတ် - မယ်ဆိုင်လမ်းကြောင်းမှ နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံးမှတစ်ဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ တင်ပြနိုင်ရန် မယ်ဆိုင်၌ စာရင်းကောက်ယူပေးခြင်းကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့တွင် နေရပ်ပြန်တစ်သုတ် စာရင်းပိတ်မည်ဖြစ်သည်။
ဇူလိုင်လ (၂၅)ရက်နေ့အထိ စာရင်းပေးသွင်းထားသူများကို သြဂုတ်လ (၄)ရက်နေ့၌ နေရပ်ပြန်လွှဲနိုင်ရေး စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

“အခုတစ်သုတ် ပြန်မယ့်အဖွဲ့အတွက်က (၂၅) ရက်နေ့ကို စာရင်းပိတ်ပါမယ်။ ကျွန်တော်တို့က ဒီဘက်ကရတဲ့စာရင်းကို ဟိုဘက် မြို့နယ်၊ ခရိုင်အဆင့်ကနေတစ်ဆင့် ပြည်နယ်ကို တင်ပြပြီး သူတို့နေရပ်ပြန်ရေးတွေ စီစဉ်ရတာဖြစ်တော့ (၂၅) ရက်နေ့အထိ စာရင်းကို ပို့ပေးလိုက်မှာပါ။ (၂၅) ရက်ကျော်မှ စာရင်းပေးတဲ့သူတွေက နောက်တစ်သုတ်ဖြစ်သွားမှာပေါ့။ စာရင်းပေးတာက သံရုံးက ကြေညာထားတဲ့ အချက်တွေကို စာရင်းဖြည့်ပေးရတာ။ ဒီဘက် မယ်ဆိုင်မှာနေတဲ့သူတွေ တံတားကူးလက်မှတ်နဲ့ နေတဲ့သူတွေလည်း စာရင်းပေးလို့ရပါတယ် ”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် အမည်၊ အဖအမည်၊ မြန်မာနိုင်ငံကူးလက်မှတ် အမှတ် (သို့မဟုတ်) တံတားကူးလက်မှတ်၊ မြန်မာနိုင်ငံသား မှတ်ပုံတင်နံပါတ်၊ နိုင်ငံကူးလက်မှတ်ဖြင့် သွားခဲ့သူဖြစ်ပါက ဗီဇာအမျိုးအစား၊ အလုပ်ရှင်အမည်၊ အလုပ်ရှင်လိပ်စာ၊ အလုပ်အမျိုးအစား၊ နေရပ်ပြန်ခွင့်ရကြောင်း ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ မြန်မာနိုင်ငံတွင် နေထိုင်သည့်လိပ်စာ၊ ထိုင်းနိုင်ငံသို့ အလုပ်ပြန်လုပ်မည့်အစီအစဉ် ရှိ/ မရှိ၊ လက်ရှိထိုင်းနိုင်ငံတွင်းနေထိုင်သည့် လိပ်စာ၊ ပြန်လိုသည့် နယ်စပ်ဂိတ်၊ နေရပ်ပြန်ရန် ယခင်က စာရင်းသွင်းထားခြင်း ရှိ/မရှိတို့ကို စာရင်းပေးရာတွင် ဖြည့်သွင်းရန်လိုအပ်ကြောင်း သိရသည်။

တာချီလိတ် - မယ်ဆိုင်လမ်းကြောင်းမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် မယ်ဆိုင်မြို့မှ ချင်းမိုင်းမြို့အလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေး၏ဖုန်း (+66) 099 059 2352 သို့ ဆက်သွယ်နိုင်သည့်အပြင် အွန်လိုင်းမှ စာရင်းပေးသွင်းရန် အခက်အခဲရှိသူများအတွက် အဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးနေသည့် ဦးထွန်း(မယ်ဆိုင်)၏ ထိုင်းဖုန်း 089-637-6367သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ဦးထွန်း(မယ်ဆိုင်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~