တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ မသန်စွမ်းများနှင့် ဘိုးဘွားရိပ်သာမှ သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေး

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ မသန်စွမ်းများနှင့် ဘိုးဘွားရိပ်သာမှ သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေး
နိုဝင်ဘာ 6, 2020
By 🌸


တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ မသန်စွမ်းများနှင့် ဘိုးဘွားရိပ်သာမှ သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက် မဲရုံအမှတ်(၁)နှင့် အမှတ် (၃)တို့တွင် မသန်စွမ်းနှင့် သက်ကြီးရွယ်အို စုစုပေါင်း (၈၇)ဦးထံမှ ကြိုတင်ဆန္ဒမဲများကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့က ကောက်ယူသည်။
ဝမ်ကောင်းရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအပါအဝင် မသန်စွမ်းများ၏ ကြိုတင်ဆန္ဒမဲများကို သွားရောက်ရယူရာတွင် နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲစောင့်ကြည့်သူများလည်း လိုက်ပါစောင့်ကြည်ြ့ခင်းလုပ်ဆောင်နေခြင်းဖြစ်သည်။
ဝမ်ကောင်းရပ်ကွက်တွင်းမှ မသန်စွမ်း အမျိုးသား (၁၀)ဦး၊ အမျိုးသမီး (၁၂)ဦး စုစုပေါင်း (၂၂)ဦးနှင့် သက်ကြီးဘိုးဘွား အမျိုးသား (၂၅)ဦးနှင့် အမျိုးသမီး (၄၀) ဦး စုစုပေါင်း (၆၅)ဦးတို့ ကြိုတင်ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။ 
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် နိုဝင်ဘာလ (၈) ရက်နေ့၌ ဆန္ဒမဲပေးကြမည်ဖြစ်သည်။
Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~