ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလ ကွယ်လွန်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလ ကွယ်လွန်
နိုဝင်ဘာ 27, 2020
By Tachileik News Agency

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလ ကွယ်လွန်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ အာခါတိုင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလသည် ၂၀၂၀ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့ နေ့လည်(၁၁)နာရီခွဲဝန်းကျင်အချိန်က ကွယ်လွန်သွားကြောင်း သိရသည်။
ကျိုင်းတုံမြို့ရှိ ပုဂ္ဂလိကဆေးရုံဖြစ်သည့် စေတနာမြင့်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူရင်း ၂၀၂၀ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့  လည်(၁၁)နာရီခွဲဝန်းကျင် အချိန်က ကွယ်လွန်သွားသည့်အတွက် ရုပ်အလောင်းအား ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)၊ မြို့သစ်ရှိ နေအိမ်တွင် ထားရှိကြောင်း သိရသည်။
ဦးအာဗေလသည် နေမကောင်းဖြစ်နေသည်မှာ ကြာနေပြီဖြစ်သည့်အတွက် ထိုင်းနိုင်ငံသို့ သွားရောက်၍လည်း ဆေးဝါးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
အာခါတိုင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလသည် ၁၉၅၅ခုနှစ် ဩဂုတ်လ(၈)ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ လွိုင်မွေအုပ်စု၊ နောင်လျန်ကျေးရွာတွင် မွေးဖွားသူဖြစ်ပြီး ၎င်းသည် ၁၉၇၅ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ပြီး ၁၉၇၆ခုနှစ်မှ ၁၉၉၈ခုနှစ်အထိ မြန်မာ့စိုက်ပျိုးရေးဝန်ထမ်းအဖြစ် ကျိုင်းတုံ၊ မိုင်းပျဉ်း၊ မိုင်းယန်း၊ အထူးဒေသ(၄) နှင့် အထူးဒေသ (၂)တို့တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဆက်လက်၍ ၁၉၉၉ ခုနှစ်မှ ၂၀၀၈ခုနှစ်အထိ UNODC  ၏ နယ်စပ်ဒေသမူးယစ်ဆေးဝါးထိန်းချုပ်ရေးအစီအစဉ်တွင် စိုက်ပျိုးရေးပညာပေး အရာရှိအဖြစ် လည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဌာနမှူးအဖြစ်လည်းကောင်း၊ စီမံကိန်းညှိနှိုင်းရေးရာ အရာရှိအဖြစ်လည်းကောင်း အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
၂၀၁၂ - ၂၀၁၅ ခုနှစ်အထိ မယ့်ဖါ့လုံဖောင်ဒေးရှင်း၏ ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးရေးစီမံကိန်းတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဦးအာဗေလသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပြီး အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~