တာချီလိတ်မြို့နယ်အတွင်း လွှတ်တော်(၃)ရပ်တွင် NLD အနိုင်ရ

တာချီလိတ်မြို့နယ်အတွင်း လွှတ်တော်(၃)ရပ်တွင် NLD အနိုင်ရ
နိုဝင်ဘာ 9, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း လွှတ်တော်(၃)ရပ်တွင် NLD အနိုင်ရ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် NLD ပါတီက အနိုင်ရထားကြောင်းသိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့သည့် နိုဝင်ဘာလ (၈)ရက်နေ့ကတည်းက ဆန္ဒမဲများရေတွက်ပြီးနောက် တာချီလိတ်မြို့နယ်အတွင်းမှ ဆန္ဒမဲများကို နိုဝင်ဘာလ (၉)ရက်နေ့၌ ရေတွက်ပြီးစီးခဲ့ခြင်းဖြစ်သည်။
မဲရုံများတွင် ရေတွက်ထားသည့် ဆန္ဒမဲရလဒ်များအရ အမျိုးသားလွှတ်တော်အတွက် NLD ပါတီက ဆန္ဒမဲ (၃၈,၀၀၀)ကျော်၊ ပြည်သူ့လွှတ်တော်အတွက် NLD ပါတီက ဆန္ဒမဲ (၄)သောင်းကျော်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)အတွက် NLD ပါတီက ဆန္ဒမဲ (၂၃,၀၀၀)ကျော်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)အတွက် ဆန္ဒမဲ (၃၉,၀၀၀)ကျော်ဖြင့် အနိုင်ရထားခြင်းဖြစ်သည်။
တာချီလိတ်မြို့နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၂၉၈၇၅) ဦးအနက် ထက်ဝက်ကျော်က ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။
[ အားလုံး၏ မဲရလဒ် အသေးစိတ်ကို ဆက်လက်ဖော်ပြပါမည် ]
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~