ကျောက်မဲမြို့နယ်တွင် အနီးကပ်လုပ်ကြံခံရ၍ သေဆုံးသွားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်၏ ဈာပန

ကျောက်မဲမြို့နယ်တွင် အနီးကပ်လုပ်ကြံခံရ၍ သေဆုံးသွားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်၏ ဈာပန
နိုဝင်ဘာ 22, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်တွင်  အနီးကပ်လုပ်ကြံခံရ၍ သေဆုံးသွားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်၏ ဈာပန 
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၊ ပင်တိန်ကျေးရွာရှိ နေအိမ်တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့ ညပိုင်းက သေနတ်ဖြင့်ပစ်ခံရ၍ သေဆုံးသွားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်၏ ဈာပနကို နိုဝင်ဘာလ (၂၂) ရက်နေ့က ပို့ဆောင်ရာ လမ်းတလျှောက်တွင် ဒေသခံများက ဂါရဝအလေးပြု  ကြသည်ကို တွေ့ရသည်။
၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ရွေးကောက်ခံရသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်၏ ဈာပနကို နိုဝင်ဘာလ (၂၂)ရက်နေ့က ပို့ဆောင်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ် သစ်တောနှင့် သယံဇာတဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ် NLD ပါတီ ဥက္ကဌအပါအဝင် ပါတီဝင်များနှင့်  ပါတီမှ ကိုယ်စားလှယ်များ၊ ဒေသခံများက လိုက်လံပို့ဆောင်ပေးကြသည်ကို တွေ့ရသည်။
ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံ ရင်ခွဲရုံမှ အေးချမ်းသာသုသာန်အထိ ပို့ဆောင်ရာလမ်းကြောင်းကို ကျောက်မဲရှိ ဌာနဆိုင်ရာများ၊ နာရေးကူညီမှုအသင်းများ၊ လူမှုကူညီရေး အသင်းများ၊ ပင်တိန်ကျေးရွာဒေသခံများနှင့် ကျောက်မဲ ဒေသခံများက မွန်းလွဲ ၂ နာရီတွင် စတင်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော်သည် ပင်တိန်ကျေးရွာရှိနေအိမ်၌ ကုန်စုံဆိုင်နှင့် ကွမ်းယာဆိုင်တွဲ၍ ဖွင့်ထားရာ နေအိမ်ဆိုင်ခန်း၌ ကွမ်းယာနေစဉ် သေနတ်သမားက ဝင်ပစ်သွားခဲ့ရာ ညာဘက်ရင်အုံ၌ သေနတ်ဒဏ်ရာတစ်ချက်ဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 Tachileik News Agency

သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~