တာချီလိတ်မြို့နယ်အတွင်း မြို့(၃)မြို့အတွက် ထွေအုပ် ဝန်ထမ်း လျှောက်လွှာခေါ်ယူ

တာချီလိတ်မြို့နယ်အတွင်း မြို့(၃)မြို့အတွက် ထွေအုပ် ဝန်ထမ်း လျှောက်လွှာခေါ်ယူ
ဧပြီ 24, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း မြို့(၃)မြို့အတွက် ထွေအုပ် ဝန်ထမ်း လျှောက်လွှာခေါ်ယူ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃)ခုတွင် တာဝန်ထမ်းဆောင်ရန် အငယ်တန်းစာရေး၊ အစောင့်ရာထူးနေရာများအတွက် စုစုပေါင်း (၆)ဦး လိုအပ်နေကြောင်း သိရသည်။

တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန် အငယ်တန်းစာရေး (ရပ်/ကျေး) (၁)ဦး၊ တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန် အငယ်တန်းစာရေး (၁)ဦးနှင့် အစောင့် (၁)ဦး၊ ကျိုင်းလပ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန် အငယ်တန်းစာရေး (၁)ဦးတို့ လစ်လပ်နေခြင်းဖြစ်သည်။

အဆိုပါ ရာထူးတာဝန်များအတွက် လျှောက်ထားလိုသူများအနေဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့တွင် အသက် (၁၈)နှစ်ပြည့်ပြီး အသက် (၃၀)ထက် မကျော်သူများဖြစ်ရန်လိုပြီး ခန့်အပ်ခံရပါက အနည်းဆုံး (၃)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

လျှောက်ထားလိုသူများအနေဖြင့် မေလ (၂၀) ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများတွင် လျှောက်ထားနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~