ကျိုင်းတုံမြို့တွင် ဩဂုတ်လ(၄)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၁၇)ဦး ထပ်တိုး

ကျိုင်းတုံမြို့တွင် ဩဂုတ်လ(၄)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၁၇)ဦး ထပ်တိုး
သြဂုတ် 4, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ယနေ့ ဩဂုတ်လ(၄)ရက်နေ့၏ တစ်နေ့တာအတွင်း စစ်ဆေးချက်အရ Covid-19 ကူးစက်ခံထားရသူ (၁၇)ဦး ထပ်တိုးတွေ့ရှိရကြောင်း သိရသည်။

ယနေ့ တွေ့ရှိရသည့် (၁၇)ဦးမှာ စွန်လုံရပ်မှ (၁)ဦး၊ ဟိုကပ်ရပ်မှ (၁)ဦး၊ နောင်ရှန်ရွာမှ (၃)ဦး၊ RC ကျောင်းဝင်းမှ (၁)ဦး၊ ဝမ်မိုင်ရွာမှ (၁)ဦး၊ ရပ်ကွက်(၃)မှ (၁)ဦး၊ ကောင်းကန်ရပ်မှ (၁)ဦး၊ ဝမ်မိုင်ကွက်သစ်မှ (၃)ဦး၊ ပင်းတောက်ရွာမှ (၁)ဦး နှင့် ဆွန်ဝပ်ရပ်မှ (၁)ဦး အပါအဝင် ကျိုင်းတုံ စစ်ဆေးရုံမှ (၃)ဦးတို့ ပါဝင်ကြောင်းသိရသည်။

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ ဩဂုတ်လ(၄)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၂၆၉)ဦးအနက် (၂)ဦးမှာ သေဆုံးသွားပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသွားသူများမှာ (၁၁၈)ဦးရှိကာ လက်ရှိကုသမှု ခံယူနေသူမှာ (၁၄၆)ဦးအထိ ရှိကြောင်း သိရသည်။