တာချီလိတ်တွင် တောင်းရမ်းစားသောက်သူများကို နေရပ်ပြန်ပို့ရန် စီစဉ်

တာချီလိတ်တွင် တောင်းရမ်းစားသောက်သူများကို နေရပ်ပြန်ပို့ရန် စီစဉ်
သြဂုတ် 12, 2020
By Tachileik News Agency

တာချီလိတ်တွင် တောင်းရမ်းစားသောက်သူများကို နေရပ်ပြန်ပို့ရန် စီစဉ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်းက မီးပွိုင့်တွေနဲ့ ရှမ်းရိုးမကွင်းအတွင်းမှာ  တောင်းရမ်းစားသောက်နေသူတွေကို သက်ဆိုင်ရာနေရပ်အသီးသီးကို ပြန်လည်ပို့ဆောင်ဖို့ လုပ်ဆောင်နေပြီး ဒီလိုကိစ္စရပ်တွေ ပပျောက်ဖို့အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့်ဆင့်ကနေ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုကြောငက်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောပါတယ်။

တာချီလိတ်မြို့က တောင်းရမ်းစားသောက်နေသူတွေနဲ့ အိမ်ခြေမဲ့တွေကို နေရပ်တွေ ပြန်ပို့ဖို့ လွှတ်တော်မှာ မေးမြန်းမှုတွေလုပ်ဆောင်ခဲ့ပြီး လက်ရှိပြည်နယ်ရဲတပ်ဖွဲ့မှူးခရီးစဉ်မှ စတင်နိုင်ခဲ့တယ်လို့ ဦးခင်မောင်တင့်က ပြောပါတယ်။

တာချီလိတ်မြို့တွင်း တောင်းရမ်းစားသောက်နေသူတွေနဲ့ အိမ်ခြေမဲ့တွေ စုစုပေါင်းဟာ (၁၀၀) ဦးခန့်ရှိမယ်လို့ ခန့်မှန်းထားပြီး သူတို့တွေကို နေရပ်ပြန်ဖို့စီစဉ်နေချိန်မှာ နေထိုင်ဖို့နဲ့ စားသောက်ဖို့ကို တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက ဦးဆောင်တာဝန်ယူနေတဲ့အတွက် အလှူရှင်တွေအနေနဲ့ ပါဝင်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Tachileik News Agency
သတင်းတင်ဆက်  - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~