ကျိုင်းတုံမြို့၏ အထင်ကရ စော်ဘွားဈေးနေ့ မတ်လ(၁၁)ရက်နေ့ ပြုလုပ်မည်

[ ဖော်ပြပါ ပုံမှာ ၂၀၁၉ခုနှစ်က ပုံများဖြစ်သည် ]
[ ဖော်ပြပါ ပုံမှာ ၂၀၁၉ခုနှစ်က ပုံများဖြစ်သည် ]
ကျိုင်းတုံမြို့၏ အထင်ကရ စော်ဘွားဈေးနေ့ မတ်လ(၁၁)ရက်နေ့ ပြုလုပ်မည်
မတ် 3, 2023 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် နှစ်စဉ် မှတ်မှတ်ရရ ကျင်းပပြုလုပ်မြဲဖြစ်ပြီး ဒေသ၏ အထင်ကရဖြစ်သည့် စော်ဘွားဈေးနေ့ဟု လူသိများသည့် ဈေးဟောင်းဈေးနေ့ (Old Market Day )ကို ၂၀၂၃ခုနှစ် မတ်လ(၁၁)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။



စော်ဘွားဈေးနေ့တွင် ကျိုင်းတုံမြို့ပေါ် ပါလျှံတံခါးလမ်းဆုံတလျှောက် ရိုးရာအစားအစာများနှင့်အသုံးအဆောင်များ အပါအဝင် ဈေးရောင်းချခြင်းနှင့် စော်ဘွားသင်္ချိုင်းဟောင်းတွင် ရိုးရာပူဇော်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

[ ဖော်ပြပါ ပုံမှာ ၂၀၁၉ခုနှစ်က ပုံများဖြစ်သည် ]

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တုန်းက စော်ဘွားဈေးနေ့ကို မတ်လ(၂၆)ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့က စည်ပင်သာယာရေးဌာနပိုင် မြို့မဈေးကို ဖွင့်ထားသည့်အတွက် စော်ဘွားဈေးတွင် ယခုနှစ်များကလို စည်ကားခြင်းမရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။